Connect with us

WORLD

ဗြိတိန်တက္ကသိုလ်က ငါးမိနစ်အတွင်း COVID-19 စစ်ဆေးအဖြေထုတ်ပေးမည့်နည်းလမ်းသစ် တီထွင်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Guy's ဆေးရုံတွင် Lyn Wheeler အား သူနာပြုတစ်ဦးက Pfizer-BioNTech COVID-19 ကာကွယ်ဆေးထိုးနှံပေးနေသည်ကို ကြည့်ရှုနေသည့် ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား တွေ့ရစဉ် (ဓာတ်ပုံ- Andrew Parsons/No 10 Downing Street/Handout via Xinhua))

လန်ဒန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဗြိတိန်နိုင်ငံ ဘာမင်ဂမ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ငါးမိနစ်ပင်မကြာသောအချိန်အတွင်း ရလဒ်ထုတ်ပေးနိုင်သည့် COVID-19 စမ်းသပ်မှုနည်းလမ်းအသစ်တစ်မျိုးကို တီထွင်ဖော်ထုတ်လိုက်ကြောင်း ဇန်နဝါရီ ၅ ရက်က ပြောကြားခဲ့သည်။

စမ်းသပ်မှုနည်းလမ်းသစ်သည် အသုံးပြုမှုနည်းလမ်း ရှင်းလင်းလွယ်ကူကာ အဆင့်တစ်ဆင့်တည်းသာ လုပ်ဆောင်ရပြီး EXPAR (Exponential Amplification Reaction) ဟု ခေါ်ဆိုသည့် သမားရိုးကျမဟုတ်သော တိုးချဲ့နည်းလမ်းတစ်ခုကို အသုံးပြုထားကြောင်း တက္ကသိုလ်က ပြောကြားခဲ့သည်။

 ဗြိတိန်နိုင်ငံ လီဗာပူးမြို့ရှိ COVID-19 စစ်ဆေးမှုစင်တာတစ်ခုတွင် စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသော အမျိုးသမီးတစ်ဦးကို ဗြိတိန်စစ်တပ် တပ်ဖွဲ့ဝင်တစ်ဦးက ကူညီပေးနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လီဗာပူးမြို့ရှိ COVID-19 စစ်ဆေးမှုစင်တာတစ်ခုအနီး လမ်းလျှောက်နေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ စမ်းသပ်မှုနည်းလမ်းအသစ်သည် စမ်းသပ်မှုကြာမြင့်ချိန်ကို မိနစ် ၃၀ မှ ငါးမိနစ်အောက်သို့ လျှော့ချနိုင်ကြောင်းနှင့် တိကျသည့်ရလဒ်ထုတ်ပေးနိုင်ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။

၎င်းစမ်းသပ်မှုနည်းလမ်းအသစ်သည် စံချိန်မီ ဓာတ်ခွဲခန်းကိရိယာများကို အသုံးပြုလုပ်ဆောင်နိုင်ပြီး တိုးချဲ့ခြင်း လုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သည့် DNA အမျှင်များကို ခွဲထုတ်ရန် အပူချိန်မြင့်မားစွာလိုအပ်သည့် polymerase chain reaction (PCR) စမ်းသပ်မှုနှင့် နှိုင်းယှဉ်နိုင်ကြောင်း တက္ကသိုလ်၏ အဆိုအရ သိရသည်။

ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားစဉ်ကတည်းက တတိယအကြိမ်အဖြစ် ဇန်နဝါရီ ၅ ရက်မှ စတင်ပြီး တစ်နိုင်ငံလုံး အသွားအလာကန့်သတ်မှုလုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါ တီထွင်စမ်းသပ်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

စကော့တလန်နိုင်ငံတွင်လည်း ဇန်နဝါရီ ၄ ရက်မှစတင်ကာ အသွားအလာပိတ်ဆို့မှုအသစ် လုပ်ဆောင်ခဲ့သလို စာသင်ကျောင်းများကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ပိတ်ထားလိုက်ကြောင်း သိရသည်။ (Xinhua)
——————————————
(English Version)
UK university develops 5-minute test for COVID-19
Source: Xinhua| 2021-01-05 22:45:27|Editor: huaxia
The new test simplifies the testing method to a single step and it can be performed using standard laboratory equipment.
LONDON, Jan. 5 (Xinhua) — Scientists at the University of Birmingham said Tuesday that they have developed a new COVID-19 test that can deliver results in less than five minutes.
The new test simplifies the testing method to a single step and uses an alternative amplification method called EXPAR (Exponential Amplification Reaction), said the university.
The new test can reduce testing time from 30 minutes to less than five and deliver accurate results, local media reported.
It can be performed using standard laboratory equipment, compared to polymerase chain reaction (PCR) tests, which require higher temperatures to separate out strands of DNA as part of the amplification process, according to the university.
It came as England enters a national lockdown from Tuesday, the third of its kind since the coronavirus pandemic began in Britain.
Scotland also enters a new lockdown from midnight Monday, as well as a shutdown of schools until Feb. 1.
1- British Prime Minister Boris Johnson watches as a nurse administers the Pfizer-BioNTech COVID-19 vaccine to Lyn Wheeler at Guy’s Hospital, in London, Britain, on Dec. 8, 2020. (Andrew Parsons/No 10 Downing Street/Handout via Xinhua)
2- A member of British army troops assists a woman queueing for a test at a COVID-19 testing center in Liverpool, Britain, on Nov. 6, 2020. (Photo by Jon Super/Xinhua)
3- People walk near a COVID-19 testing center in Liverpool, Britain, on Nov. 6, 2020. (Photo by Jon Super/Xinhua)■