Connect with us

WORLD

ပီရူးနိုင်ငံက COVID-19 ကာကွယ်ဆေးရရှိရန် Sinopharm ကုမ္ပဏီနှင့် သဘောတူလက်မှတ်ရေးထိုး

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းဇီဝထုတ်ကုန်များအင်စတီကျူ့ ကုမ္ပဏီလီမိတက်၏ ကာကွယ်ဆေးထုတ်လုပ်မှုအခြေစိုက်လုပ်ငန်းတွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာများကို ဝန်ထမ်းများက စမ်းသပ်နေစဉ် (ဆင်ဟွာ)

လီမာ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ပီရူးနိုင်ငံသည် တရုတ်ဆေးဝါးကုမ္ပဏီ Sinopharm ၏ COVID-19 ကာကွယ်ဆေးများ ရရှိရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် ယခုလအတွင်း ပထမဆုံး ကာကွယ်ဆေးအလုံးရေ ၁ သန်း ရောက်ရှိမည်ဖြစ်ကြောင်း ပီရူး သမ္မတ Francisco Sagasti က ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

Sinopharm ၏ လက်တွေ့စမ်းသပ်မှုအဆင့် ၃ တွင် ပီရူးနိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုသည် “ကာကွယ်ဆေး အသုံးပြုရန် ပိုကောင်းသော အနေအထားတစ်ခုဖြစ်ကြောင်း” နှင့် “နိုင်ငံလူဦးရေတွင် ၎င်းတို့၏ ဆေးအစွမ်းထက်မှုကို အတည်ပြုစစ်ဆေးရန်” ဆောင်ရွက်ခြင်းဖြစ်ကြောင်း Sagasti က နိုင်ငံသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Sinopharm ကာကွယ်ဆေး၏ လက်တွေ့စမ်းသပ်မှုများသည် လက်ရှိတွင် Cayetano Heredia ပီရူးတက္ကသိုလ် နှင့် San Marcos အမျိုးသားတက္ကသိုလ်တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စက်တင်ဘာလ လက်တွေ့စမ်းသပ်မှုပြုလုပ်စဉ်ကတည်းက စေတနာ့ဝန်ထမ်း ၁၁,၀၀၀ ဦးအား ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း ယင်းလုပ်ငန်းစဉ်များ ကြီးကြပ်ကွပ်ကဲလျက်ရှိသည့် ပီရူးအမျိုးသားကျန်းမာရေးအင်စတီကျူ့၏ အဆိုအရ သိရသည်။ပီရူးနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ တစ်သန်းကျော်နှင့် သေဆုံးသူ ၃၇,၀၀၀ ဦး ရှိကြောင်း သိရသည်။ (Xinhua)

—————————————–
(English Version)

Peru inks deal with Sinopharm for COVID-19 vaccines

LIMA, Jan. 6 (Xinhua) — Peru has signed an agreement with Chinese pharmaceutical firm Sinopharm to acquire its vaccine against COVID-19, with the first 1 million doses to arrive this month, Peruvian President Francisco Sagasti announced Wednesday.

In a nationwide address, Sagasti said Peru’s cooperation in Sinopharm phase 3 trials placed the country “in a better position to access vaccines” and to “verify their effectiveness in the national population.”

Clinical trials of the Sinopharm vaccine are currently underway at the Cayetano Heredia Peruvian University and the National University of San Marcos.
According to Peru’s National Institute of Health, which is overseeing the process, 11,000 volunteers have been vaccinated since the trials began in September.
Peru has registered more than 1 million COVID-19 cases and over 37,000 deaths. Enditem

A staff member tests samples of the COVID-19 inactivated vaccine at a vaccine production base of the Beijing Biological Products Institute Co., Ltd. in Beijing, capital of China, April 11, 2020. (Xinhua/Zhang Yuwei)