Connect with us

WORLD

ဘရာဇီးနိုင်ငံက တရုတ်နိုင်ငံ ကုမ္ပဏီမှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေး အခုရေ သန်း ၁၀၀ ဝယ်ယူသွားရန် ထုတ်ပြန်ကြေညာ

တရုတ်နိုင်ငံ Sinovac Biotech Ltd မှ တီထွင်ထုတ်လုပ်ထားသော COVID-19 ရောဂါ ကာကွယ်ဆေး (inactivated vaccine) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးလီယာ ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဘရာဇီးနိုင်ငံ ဖက်ဒရယ်အစိုးရ နှင့် ဆောပိုလိုပြည်နယ် Butantan အင်စတီကျု့တို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်နိုင်ငံ Sinovac Biotech Ltd မှ တီထွင်ထုတ်လုပ်ထားသော COVID-19 ရောဂါ ကာကွယ်ဆေး အခုရေ သန်း ၁၀၀ ကို ဝယ်ယူသွားရန် စီစဉ်ထားကြောင်း ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Eduardo Pazuello က ဇန်နဝါရီ ၇ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

Butantan အင်စတီကျု့ အား ယခုနှစ် ဧပြီလကုန်မတိုင်မီ COVID-19 ရောဂါ ကာကွယ်ဆေး အခုရေ ၄၆ သန်းအားပေးအပ်သွားမည် ဖြစ်ပြီး ကျန်ရှိသော COVID-19 ရောဂါ ကာကွယ်ဆေး အခုရေ ၅၄ သန်းအား ယခုနှစ်အတွင်း ပေးအပ်သွားရန် စီစဉ်ထားကြောင်း Pazuello က ပြောကြားခဲ့သည်။

ထို့ပြင် Pazuello က Butantan အင်စတီကျု့ အနေဖြင့် CoronaVac COVID-19 ရောဂါ ကာကွယ်ဆေးအား အမျိုးသား ကာကွယ်ဆေးအစီအစဉ်အတွင်းသို့ ထည့်သွင်းခဲ့ပြီးနောက်တွင် အချိုးအစားအတိုင်း ပြည်နယ်အသီးသီးအား ကာကွယ်ဆေးများကို ခွဲဝေပေးသွားမည်ဖြစ်ပြီး ဘရာဇီးနိုင်ငံတွင် အစောဆုံး ယခုလ ၂၀ ရက်တွင် ကာကွယ်ဆေးများ စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံကျန်းမာရေးဌာန၏ ဇန်နဝါရီ ၇ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၈၇,၈၄၃ ဦးရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တစ်နေ့အတွင်း လူဦးရေအများဆုံး ရောဂါထပ်မံကူးစက်ခံရခြင်းဖြစ်ကြောင်း ၊ ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၇,၉၆၁,၆၇၃ ဦးရှိခဲ့ပြီး COVID-19 ရောဂါကြောင့် ဇန်နဝါရီ ၇ ရက်၌ ထပ်မံသေဆုံးခဲ့ရသူ ၁,၅၂၄ ဦးရှိခဲ့ကြောင်း ၊ ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂၀၀,၄၉၈ ဦးရှိခဲ့ပြီး ရောဂါမှ ပြန်လည်သက်သာလာသူ ၇,၀၉၆,၉၃၁ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)

—————————————–
(Chinese Version)
(国际疫情)巴西宣布计划购买1亿剂中国科兴公司新冠疫苗
2021-01-08 11:43:09 分类: 科学技术
  新华社巴西利亚1月7日电(记者周星竹)巴西卫生部长爱德华多•帕祖洛7日宣布,巴西联邦政府已与圣保罗州布坦坦研究所签订协议,计划购买1亿剂由北京科兴中维生物技术有限公司研发的克尔来福新冠疫苗。
  帕祖洛表示,布坦坦研究所将于4月底之前交付首批4600万剂疫苗,其余5400万剂计划在今年内交付。
  帕祖洛强调,布坦坦研究所的所有克尔来福新冠疫苗都将被纳入国家免疫计划当中,并按比例公正地分配给各州使用。巴西最早将在本月20日开始接种新冠疫苗。
据巴西卫生部7日公布的数据,该国当日新增新冠确诊病例87843例,创疫情暴发以来单日新增确诊最高纪录,累计确诊7961673例;新增死亡病例1524例,累计死亡200498例;累计治愈7096931例。(完)

Photo

A staff member displays samples of the COVID-19 inactivated vaccine at Sinovac Biotech Ltd., in Beijing, capital of China, March 16, 2020. (Xinhua/Zhang Yuwei)