Connect with us

WORLD

အမေရိကန်နိုင်ငံ လွှတ်တော်အဆောက်အဦအတွင်း အကြမ်းဖက်မှုကြောင့် လူ ၄ ဦးသေဆုံး

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသည့် ဆန္ဒပြသူများ ဝါရှင်တန်ဒီစီမြို့ရှိ Capitol အဆောက်အဦအနီးတွင် ဇန်နဝါရီ ၆ ရက်က စုဝေးနေကြစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများက လွှတ်တော်အဆောက်အဦအတွင်း အကြမ်းဖက် ဝင်ရောက်စီးနင်းမှုအတွင်း လူ ၄ ဦးသေဆုံးခဲ့ကြောင်း ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ သိရသည်။

သေဆုံးသူများအနက် တစ်ဦးမှာ သေနတ်ပစ်ခံရကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး အခြားသူ သုံးဦးမှာ Capitol တွင် အကြမ်းဖက် ဆန္ဒပြမှုအတွင်း အရေးပေါ်ကျန်းမာရေးအခြေအနေကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်မှုကြောင့် လူ ၅၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲ ရောဘတ်ကွန်တီ (Robert Contee) က ဒေသစံတော်ချိန် ညနေပိုင်းတွင် ပြောခဲ့သည်။

လွှတ်တော်အဆောက်အဦထဲသို့ ချိုးဖျက်ဝင်ရောက်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ညပိုင်းတွင် ဝါရှင်တန်ဒီစီမြို့တော်ဝန်က ပြည်သူ့အရေးပေါ်အခြေအနေကို သမ္မတဂျိုးဘိုင်ဒန်ရာထူးအပ်နှံခြင်း အခမ်းအနားပြီးဆုံးမည့်နေ့ တစ်ရက်အကြာ နောက်ထပ် ၁၅ ရက် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းက ထရမ့်အား ထောက်ခံသူများက Capitol အဆောက်အဦ၏ အတားအဆီးများကို တွန်းဖယ်ကာ ၂၀၂၀ ပြည့်နှစ် အီလက်တိုရယ်မဲများ တရားဝင်ဆောင်ရွက်ခြင်းနှင့် Capitol လော့ခ်ဒေါင်း ပြုလုပ်ထားခြင်းများကို ဝင်ရောက်နှောင့်ယှက်ခဲ့ကြခြင်းဖြစ်သည်။ (Xinhua)

—————————————–
(English Version)

Four people die amid violence at U.S. Capitol: police

WASHINGTON, Jan. 6 (Xinhua) — Four people died as supporters of U.S. President Donald Trump violently occupied the Capitol, according to police of Washington, D.C..

One was shot and killed, the other three died because of medical emergencies amid the violent protests at the Capitol, Metropolitan Police Department Chief Robert Contee said in the evening, adding that 52 people have been arrested.
In the night, Washington D.C. Mayor Muriel Bowser extended the public emergency to 15 days, until the day after President-elect Joe Biden’s inauguration, in response to the breach of the Capitol.
On Wednesday afternoon, Trump’s supporters pushed through barriers at the Capitol building, interrupting the certification of the 2020 electoral votes and forcing a Capitol lockdown. Enditem

Supporters of U.S. President Donald Trump gather near the U.S. Capitol building in Washington, D.C., the United States, on Jan. 6, 2020. U.S. President-elect Joe Biden condemned what he called “insurrection” at the U.S. Capitol on Wednesday, after some supporters of the Republican incumbent, Donald Trump, broke into the building, forcing electoral vote counting to halt. (Xinhua/Liu Jie)