Connect with us

WORLD

ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ စံချိန်သစ် ထပ်မံတင်ခဲ့

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ တာဝါတံတား(Tower Bridge)တွင် နှာခေါင်းစည်းတပ်သွားလာနေသူ အမျိုးသားတစ်ဦးအား ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဗြိတိန်နိုင်ငံတွင် ဇန်နဝါရီ ၆ ရက်က ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၆၂,၃၂၂) ဦး ရှိပြီးကပ်ရောဂါကာလ တစ်ရက်အတွင်း အတည်ပြုလူနာဦးရေ အများဆုံးစံချိန်သစ်ကို ထပ်တင်ခဲ့ခြင်းဖြစ်ရာ စုစုပေါင်းအတည်ပြုလူနာ (၂,၈၃၆,၈၀၁)ဦးထိရှိိလာကြောင်း ဗြိတိန်အစိုးရ၏ ယင်းနေ့တွင် ထုတ်ပြန့်သည့် ကိန်းဂဏန်းများအရ သိရသည်။

ဇန်နဝါရီ ၁ ရက်မှစ၍ ဗြိတိန်တွင် တစ်ရက်ထပ်တိုးအတည်ပြုလူနာဦးရေး လျင်မြန်စွာ မြင့်တက်လာခဲ့ရာ ၁ ရက် မှ ၄ ရက် အတွင်း နေ့စဉ် (၅)သောင်းနှင့်အထက်၊ ၅ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် (၆)သောင်းကျော်ရှိခဲ့သည်။ကိန်းဂဏန်းဖော်ပြချက်များအရ ဗြိတိန်တွင် ဇန်နဝါရီ ၆ ရက်က ထပ်တိုးသေဆုံးသူ (၁,၀၄၁)ဦး ရှိရာ ၎င်းမှာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၅ ရက်မှစ၍ တစ်ရက်အတွင်း သေဆုံးလူနာ ပထမဆုံးအကြိမ်အဖြစ် တစ်ထောင်ကျော်ရှိခဲ့ပြီး စုစုပေါင်း သေဆုံးလူနာ (၇၇,၃၄၆)ဦး ရှိကြောင်း သိရသည်။ ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာန၏ ယခင် သတ်မှတ်ချက်များအရ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု positiveဖြစ်သည်ကို တွေ့ရှိပြီး သေဆုံးခဲ့ပါက ကိုဗစ်သေဆုံးလူနာအဖြစ် သတ်မှတ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Waterlooတံတားအနီးတွင် နှာခေါင်းစည်းတပ်သွားလာနေသူ အမျိုးသမီးများအား ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုကို အရှိန်အဟုန်မြင့်လုပ်ဆောင်နေကြောင်း၊ ဖေဖော်ဝါရီ ၁၅ ရက် မတိုင်မီ ဦးစားပေးလူအုပ်စု (၄)ခု၏ ကာကွယ်ဆေးထိုးနှံမှုများပြီးဆုံးနိုင်မည်ဟု ခန့်မှန်းရကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇန်နဝါရီ ၆ ရက် လွှတ်တော်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံသူများတွင် အသက်(၇၀)နှင့်အထက်ရှိသူများ၊ စောင့်ရှောက်ရေးဂေဟာတွင်နေထိုင်သော အသက်အရွယ်ကြီးရင့်သူများနှင့် ဝန်ထမ်းများ၊ ရှေ့တန်း ကျန်းမာရေးစောင့်ရှောက်သူများ စသည်တို့ပါဝင်သည်။

 ဗြိတိန်နိုင်ငံ လန်ဒန်မြို့ လန်ဒန်တာဝါအနီးတွင် သွားလာနေသူတစ်ဦးအား ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နောက်ဆုံးအခြေအနေများအရ ချိန်ညှိပြင်ဆင်နိုင်ရန်အတွက် ကပ်ရောဂါ ထိန်းချုပ်ရေးအခြေအနေများကို အစိုးရက ဆက်တိုက် သုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ သက်ရောက်မှုရှိခဲ့သည့် လက်လီအရောင်းလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ဆိုသည်။

ကိုဗစ် ကပ်ရောဂါအခြေအနေ အကောင်းမြင်ဖွယ်မရှိခြင်းကြောင့် ယခုကာလများတွင် ဗြိတိန်၌ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ကြိမ်ဖန်များစွား တင်းကျပ်ဆောင်ရွက်ခဲ့ကြောင်း၊ အင်္ဂလန်တွင် အိမ်ပြင်မထွက်ရန် ခြေချုပ်နည်းလမ်းများကို ကျယ်ပြန့်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ထိုဆောင်ရွက်ချက်ကို အနည်းဆုံး ဖေဖော်ဝါရီလလယ်ပိုင်းအထိ ကျင့်သုံးမည်ဟု ဘောရစ်ဂျွန်ဆင်က ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။ (Xinhua)

—————————————–
(Chinese Version)

英国单日新增确诊病例数再创新高

  新华社伦敦1月6日电(记者张家伟 金晶)英国政府6日发布的数据显示,英国当天新增新冠确诊病例62322例,再创该国疫情暴发以来单日新增确诊病例数最高纪录;累计确诊病例2836801例。
1月1日以来,英国单日新增确诊病例数攀升速度加快,1日至4日都在5万例以上,5日首次突破6万例。
数据显示,英国6日新增新冠死亡病例1041例,这是2020年4月25日以来单日死亡病例首次破千例;累计死亡病例77346例。英国卫生部门此前修改认定办法,只将“新冠病毒检测呈阳性后28天内死亡”的病例认定为新冠死亡病例。
英国首相约翰逊6日在议会发表讲话说,政府正在加快推进新冠疫苗接种,预计2月15日前能够完成对四大优先人群的接种工作。这些接种对象包括70岁以上人员、护理院较高龄居住者及工作人员、一线医护人员等。
约翰逊表示,政府将持续评估疫情防控措施,以便根据最新情况进行调整,并对受影响的零售业、餐饮业等提供支持。
由于新冠疫情形势不容乐观,英国近期多次收紧疫情防控措施。约翰逊4日晚宣布在英格兰实施大范围“禁足”措施,并表示“禁足”将至少持续至2月中旬。
图说1: A man wearing a face mask walks along the Tower Bridge in London, Britain, on Jan. 5, 2021. (Xinhua/Han Yan)
图说2:Women wearing face masks walk along the River Thames near Waterloo Bridge in London, Britain, on Jan. 5, 2021. (Xinhua/Han Yan)
图说3: A man walks past Tower of London in London, Britain, on Jan. 5, 2021. (Xinhua/Han Yan)■