ဝါရှင်တန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) လတ်တလော ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်သည် “ဓာတ်ခွဲခန်းတစ်ခုမှ လွတ်ထွက်သွားခဲ့ခြင်းမှာ မဖြစ်နိုင်ကြောင်း” တရုတ်နိုင်ငံ ရောဂါပိုးမွှားဗေဒပညာရှင်များက အမေရိကန် မီဒီယာသို့ ဩဂုတ် ၁၀ ရက်က ပြောကြားခဲ့ပြီး ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရှုပ်ထွေးနေသည့် ကာလအတွင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်လျက် ရှိရာတွင် ဩဂုတ် ၁၂ ရက်ထိ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀,၄၈၂ ဦးအား ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
မော်စကို၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း သုတေသနပြုထုတ်လုပ်သည့် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မှတ်ပုံတင်ပေးလိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ထူးချွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သူ လေးဦးအား နိုင်ငံတော်ဆုတံဆိပ် နှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ရန် သမ္မတအမိန့်ဒီဂရီတစ်ရပ်ကို ဩဂုတ် ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ ဗဟို ဥရောပ စံတော်ချိန် သြဂုတ် ၁၀ ရက် ၁၀ နာရီထိ နောက်ဆုံးထုတ်ပြန်ချက်အရ ကမ္ဘာပေါ် တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂၅၃,၄၀၉ ဦး ထပ်မံ...
ကိုလံဘို ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) သီရိလင်္ကာကျွန်းနိုင်ငံတွင် လူပေါင်း ၂,၈၀၀ ကျော် ကူးစက်ခံရပြီး COVID-19 ကပ်ရောဂါ သတိထားရနေရစဉ်ကာလအတွင်းမှာပင် တစ်လကျော်ကြာ ပိတ်ထားခဲ့ရသည့် အစိုးရကျောင်းများအားလုံးကို ဩဂုတ် ၁၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း သီရိလင်္ကာပညာရေးဝန်ကြီးဌာနက ဆိုသည်။
ရန်ကုန် ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော တပ်မတော်သား အတည်ပြုလူနာများ ရောဂါပိုးကင်းစင်သွားပြီ ဖြစ်ကြောင်း နှင့် တပ်မတော်အတွင်း COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ ကင်းစင်ပြီးဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်နယ်ဒေသ ၃၁ ခု(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗဟိုမှတိုက်ရိုက်အုပ်ချုပ်သောမြို့)နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ ဩဂုတ် ၉ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ အစီရင်ခံချက်များအရ ကိုဗစ် အသစ်ထပ်တိုး အတည်ပြုလူနာ ၄၉ ဦးရှိ ကြောင်း တရုတ်နိုင်ငံ အမျိုးသား...
ပေကျင်း၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) ဩဂုတ် ၉ ရက်ထိ ရရှိခဲ့သော ကမ္ဘာ့ကပ်ရောဂါ သတင်းအချက်အလက်များအရ အမေရိကန်နိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာ ၅ သန်းကျော်ရှိလာပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဗိုင်းရပ်စ် လက္ခဏာ ပြောင်းလဲလာမှု နှင့်စပ်လျဉ်း၍ တွေ့ရှိချက်အပေါ် ဂျပန် ကျွမ်းကျင်ပညာရှင်က ရှင်းလင်းပြောကြားခဲ့သည်များကို စုစည်း ဖော်ပြလိုက်ပါသည်။
ဂျေရုစလမ် ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် နောက်ထပ် သေဆုံးသူသစ် ခုနှစ်ဦး နှင့်အတူ လက်ရှိအချိန်ထိ COVID-19 ရောဂါဖြင့် စုစုပေါင်းသေဆုံးသူ ၆၀၀ ဦးထိ ရှိလာခဲ့ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။