Connect with us

INTERNATIONAL ORGANIZATION

ရုရှား နိုင်ငံ မှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး ကို အရည်အသွေး စစ်ဆေးမှု ပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ထံ ရုရှား နိုင်ငံ တင်ပြ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်နေစဉ် (ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ဆိုင်ရာ ရုရှား နိုင်ငံ ကိုယ်စားလှယ်က သြဂုတ် ၁၂ ရက် ၌ ရုရှား အစိုးရ အနေဖြင့် ရုရှား နိုင်ငံ မှ ထုတ်လုပ်လိုက်သည့် COVID-19 ရောဂါ ကာကွယ်ဆေး အား အရည်အသွေး စစ်ဆေးမှု ပြုလုပ်ပေးရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ထံ တင်ပြ ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ က လည်း ရုရှား နိုင်ငံ အား ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှု နှင့် လုံခြုံရေး အာမခံမှု ဆိုင်ရာ အချက်အလက်များ ပိုမို ပေးအပ်ရန် တောင်းဆို ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

သတင်းဖော်ပြချက်များအရ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ဆိုင်ရာ ရုရှား နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ မှ ပညာရှင် က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အနေဖြင့် ကာကွယ်ဆေး အားလုံး အပေါ် အရည်အသွေး စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ပြီး တင်းကျပ်သည့် စစ်ဆေးမှုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု တွင် ရရှိခဲ့သော လုံခြုံထိရောက်သည့် သက်ဆိုင်ရာ ကိန်းဂဏန်းများ အပေါ် သုံးသပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ကာကွယ်ဆေး တီထွင် ထုတ်လုပ်ရာတွင် အဆင့်ဆင့်သော လုပ်ဆောင်မှု များနှင့် ကိုက်ညီရမည် ဖြစ်ပြီး နောက်ဆုံး ကာကွယ်ဆေး ထုတ်လုပ်ရာ တွင် လုံခြုံထိရောက်မှု ရှိရမည် ဖြစ်ကြောင်း ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အနေဖြင့် ရုရှား နိုင်ငံ ၏ ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှု ဆိုင်ရာ အချက်အလက် အသေးစိတ် ကို ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ရုရှား နိုင်ငံ Gamalia ကူးစက်ရောဂါ နှင့် အနုဇီဝ ပညာရပ်ဆိုင်ရာ အမျိုးသား သုတေသနစင်တာ က တီထွင်ထုတ်လုပ်သည့် “SPUTNIK V” COVID-19 ရောဂါ ကာကွယ်ဆေးက ယခုလ ၁၁ ရက် ၌ ရုရှား နိုင်ငံ တွင် မှတ်ပုံတင်နိုင်ခဲ့ပြီး သြဂုတ် ၁၂ ရက် တွင် Gamalia စင်တာ က ၅ လ ကြာ လက်တွေ့စမ်းသပ်မှု သုံးကြိမ် ပြုလုပ်သွားမည် ဖြစ်ပြီး အရွယ်ရောက်ပြီးသူ လူပေါင်း နှစ်ထောင်ခန့် ပါဝင်ကြမည် ဖြစ်ကြောင်း ၊ လက်ရှိတွင် ရုရှား နိုင်ငံ ရှိ သိပ္ပံဆိုင်ရာ အဖွဲ့အစည်း ၁၇ ခု က COVID-19 ရောဂါ ကာကွယ်ဆေး အမျိုးအစား အနည်းဆုံး ၂၆ မျိုး တီထွင်စမ်းသပ်နေကြောင်း သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ ဆိုင်ရာ ရုရှား နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ က နောက်ဆုံး ထွက်ရှိလာမည့် မည်သည့် ကာကွယ်ဆေး မဆို ကမ္ဘာလုံးဆိုင်ရာ လူ့အသိုင်းအဝိုင်း ၏ ပိုင်ဆိုင်မှု ဖြစ်ကြောင်း ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အနေဖြင့် မည်သူ့ကိုယ်မျှ ချန်လှပ်ထားခြင်း မရှိသည့် မူဝါဒ ဖြင့် ကမ္ဘာကြီးအတွက် မြန်ဆန်သော ၊ သမာသမတ်ကျသော ၊ တန်းတူညီမျှသော COVID-19 ရောဂါ ကာကွယ်ဆေး ရရှိနိုင်မည့် နည်းလမ်း ကို ဖန်တီးပေးသွားမည် ဖြစ်ကြောင်း ၊ ယင်းလုပ်ငန်းစဉ် တွင် စည်းလုံးမှု က အဓိက ကျကြောင်း ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အနေဖြင့် ရုရှား နိုင်ငံ ၏ COVID-19 ရောဂါ ကာကွယ်ဆေးသစ် မှတ်ပုံတင်ပြီး ရုရှား နိုင်ငံ ဆေးဝါးစာရင်းတွင် ထည့်သွင်း နိုင်ခဲ့ခြင်း အပေါ် ကြိုဆိုကြောင်း ရုရှား နိုင်ငံ က COVID-19 ရောဂါ ကာကွယ်ဆေး တီထွင်ထုတ်လုပ်ရာ တွင် ရရှိခဲ့သည့် တိုးတက်မှု အပေါ် ကြိုဆိုခဲ့ကြောင်း ၊ ရှေ့ဆက် COVID-19 ရောဂါ ကုသဆေး နှင့် ကာကွယ်ဆေး တီထွင်ထုတ်လုပ် မှတ်ပုံတင်ခြင်း သည် လွန်စွာ အရေးပါပြီး ယင်းက COVID-19 ရောဂါ ကူးစက်မှု လျှော့ချရန် အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကာ တီထွင်ထုတ်လုပ်မှု အား ပိုမို မြန်ဆန်စွာ ဆောင်ရွက်ရာ တွင် လုံခြုံရေး အား မထိခိုက်စေရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အနေဖြင့်ဆေးဝါး အပေါ် အရည်အသွေး စစ်ဆေးမှု ဆောင်ရွက်ပေးခြင်း သည် WHO ၏ ဝန်ဆောင်မှု တစ်ရပ် ဖြစ်ပြီး ဆေးဝါး ၏ အရည်အသွေး ၊ လုံခြုံမှု နှင့် ထိရောက်မှု တို့ကို သုံးသပ်ပေးခြင်း ဖြစ်ကြောင်း ၊ အရည်အသွေး စစ်ဆေးမှု ကို အောင်မြင်ခဲ့သည့် ဆေးဝါးများကို လက်ရှိချိန်တွင် နိုင်ငံတကာ ၌ အများပြည်သူ ဝယ်ယူကြသည့် ဆေးဝါး ဖြစ်စေ ခဲ့ကာ နိုင်ငံအသီးသီး ၏ အသုံးပြုနိုင်ကြောင်း သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ စာရင်းပြုစုချက် အရ သြဂုတ် ၁၀ ရက် အချိန်ထိ လက်တွေ့စမ်းသပ်မှု အဆင့် သို့ ရောက်ရှိနေသော COVID-19 ရောဂါ ကာကွယ်ဆေး က၂၈ မျိုး ရှိပြီး တတိယ အသုတ် လက်တွေ့စမ်းသပ်မှု အဆင့်သို့ ရောက်ရှိနေသော ကာကွယ်ဆေး ၆ မျိုးရှိကြောင်း ၊ ၎င်းတို့ အနက် ၃ မျိုး သည် တရုတ် နိုင်ငံ မှ ဖြစ်ပြီး အမေရိကန် ၊ ဗြိတိန် နှင့် ဂျာမဏီ နိုင်ငံ တို့က လည်း တစ်မျိုးစီ ရှိကြကြောင်း ၊ ထို့ပြင် ကာကွယ်ဆေးပေါင်း ၁၃၉ မျိုး ကို လက်တွေ့စမ်းသပ်မှု မပြုလုပ်ခင် သုံးသပ်မှု အဆင့်တွင် ရှိနေကြောင်း သိရှိရသည်။  (Xinhua)

အွန်လိုင်းစီးပွားရေး၏ အလှည့်အပြောင်းတစ်ခုဖြစ်သည့် လူမှုမီဒီယာမှ ဈေးရောင်းခြင်းဗျူဟာသည် အလားအလာရှိသော စားသုံးသူများအတွက် တိုက်ရိုက်ထုတ်လွှင့်ရောင်းချသော ထုတ်ကုန်များအဖြစ် အွန်လိုင်းမှ တိုက်ရိုက် မှာယူနိုင်သည့် အခွင့်အရေးများကို ပေးစွမ်းနိုင်သည်။ 

Douyin နှင့် e-commerce လုပ်ငန်းကြီး Taobao စသည့်ပလက်ဖောင်းများကြောင့် မဖွံ့ဖြိုးသေးသော ဒေသများတွင် နေထိုင်သည့် ဖန် ကဲ့သို့ တရုတ်ပြည်သူများစွာသည် ၎င်းတို့၏ ကိုယ်ပိုင်အွန်လိုင်းစီးပွားရေးကို စတင်ရန်နှင့် နိုင်ငံတစ်ဝန်းရှိ စားသုံးသူများအား ထုတ်ကုန်များ တိုက်ရိုက်ရောင်းချရန် အခွင့်အရေး ရရှိခဲ့ကြောင်း သိရသည်။  (Xinhua)