ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံရှိ ကလေးငယ်ဦးရေ ၃ သန်းကျော်တွင် ကပ်ရောဂါဖြစ်ပွားစဉ်ကတည်းက COVID-19 ရောဂါပိုးကူးစက်ခံရသည်ကို တွေ့ရှိရကြောင်း အမေရိကန် ကလေးအထူးကုဆရာဝန်များအကယ်ဒမီ (AAP) နှင့် ကလေးဆေးရုံများအသင်းတို့၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။
ရာဘတ်၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံသည် တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်ကို ဖေဖော်ဝါရီ ၁၆ ရက်က လက်ခံရရှိကြောင်း မော်ရိုကိုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။
စင်ကာပူ ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာန(MOH)က ဖေဖော်ဝါရီ ၁၆ ရက်တွင် COVID-19 ရောဂါ အတည်ပြုလူနာသစ်တစ်ဦးတွေ့ရှိကြောင်း ၊ ယင်းသည် ပြည်ပမှ ဝင်ရောက်လာသော ကူးစက်မှုဖြစ်ကြောင်း နှင့် ယခုအခါ နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၅၉,၈၁၀ ဦးထိ ရောက်ရှိလာကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အန်ကာရာ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် မတ်လမှစတင်ကာ ပြည်နယ်ဆိုင်ရာအဆင့်များတွင် COVID-19 တိုက်ဖျက်ရေး ကန့်သတ်ချက်များကို ဖြည်းဖြည်းချင်း ဖြေလျှော့သွားမည်ဖြစ်ကြောင်း တူရကီ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့သည်။
ဒတ်ကာ၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) ဆီနီဂေါနိုင်ငံသည် တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ပထမသုတ်ကို ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက လက်ခံရရှိခဲ့ကြောင်း သိရသည်။
လူဆာကာ ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အာဖရိက ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ ဖေဖော်ဝါရီ ၁၆ ရက်ထုတ်ပြန်ကြေညာချက်အရ အာဖရိကတိုက်တွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၇၆၀,၈၅၄ ဦးအထိရောက်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၉၈,၉၆၂ ဦးထိရှိခဲ့ကြောင်း ၊ ရောဂါမှ ပြန်လည်သက်သာလာသူ...
ဘူတာပတ်၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ဟန်ဂေရီနိုင်ငံမှ ဝယ်ယူထားသော တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ပထမသုတ်သည် ဟန်ဂေရီနိုင်ငံ ဘူတာပတ်မြို့သို့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ဘူတာပတ်မြို့ Liszt Ferenc အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော ကာကွယ်ဆေးများကို ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး...
ကူဝိတ်စီးတီး ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသရှိ ဆင်ဟွာသတင်းဌာန သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ အရှေ့အလယ်ပိုင်းဒေသတွင် ဖေဖော်ဝါရီ ၁၅ ရက်အချိန်ထိ COVID-19 ကပ်ရောဂါသည် ဆက်လက်ပြန့်ပွားနေပြီး ပါလက်စတိုင်း က ပိတ်ဆို့မှုအမိန့်ကြေညာချက်ကို သက်တမ်း ထပ်မံတိုးမြှင့်ခဲ့ကြောင်း နှင့် အစ္စရေး နှင့် တူရကီ...
ပါရီ၊ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်က COVID-19 ရောဂါတိုက်ဖျက်ရေးစစ်ပွဲ အောင်မြင်မှုရရှိရန် ကမ္ဘာကြီးအတွက် တရုတ် နှင့် ရုရှားနိုင်ငံတို့ မှ ထုတ်လုပ်သော ကာကွယ်ဆေးများ လိုအပ်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
မာလာဘို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အီကွေတာဂီနီနိုင်ငံ သမ္မတ Teodoro Obiang Nguema Mbasogo သည် တရုတ်နိုင်ငံမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုကို ဖေဖော်ဝါရီ ၁၅ ရက်က ခံယူခဲ့ကြောင်း အီကွေတာဂီနီ ဒီမိုကရက်တစ်ပါတီ (PDGE) ၏ တရားဝင်ဝက်ဘ်ဆိုက်အရ...