Connect with us

WORLD

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ပထမသုတ် ဟန်ဂေရီနိုင်ငံ လက်ခံရရှိ

ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီး Tamas Menczer ( ယာဘက်)နှင့် ဟန်ဂေရီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Qi Dayu (ဝဲဘက်) တို့ တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးများကို ဘူတာပတ်မြို့ရှိ Liszt Ferenc အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖေဖော်ဝါရီ ၁၆ ရက်က ကြိုဆိုလက်ခံစဉ်(ဆင်ဟွာ)

ဘူတာပတ်၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံမှ ဝယ်ယူထားသော တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ပထမသုတ်သည် ဟန်ဂေရီနိုင်ငံ ဘူတာပတ်မြို့သို့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဘူတာပတ်မြို့ Liszt Ferenc အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော ကာကွယ်ဆေးများကို ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီး Tamas Menczer နှင့် ဟန်ဂေရီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Qi Dayu တို့က ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ဟာ ဥရောပသမဂ္ဂ(အီးယူ)ထဲမှာ ပထမဆုံး Sinopharm ကာကွယ်ဆေးအသုံးပြုတဲ့နိုင်ငံဖြစ်ပါတယ် ၊ ကျွန်တော်တို့ဟာ လူ့အသက်တွေကို ကယ်တင်ဖို့နဲ့ စီးပွားရေးကိုထိန်းသိမ်းဖို့ ကြိုးပမ်းနေတာပါ၊ ကျွန်တော်တို့ဟာ မိတ်ဆွေတရုတ်နိုင်ငံနဲ့အတူ COVID-19 ကပ်ရောဂါကို အတူတကွ တိုက်ဖျက်နေပါတယ် ” ဟု ဝန်ကြီး Menczer က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။ “ ဒါဟာ ဟန်ဂေရီနိုင်ငံအတွက် သိပ်ကို အရေးပါတဲ့နေ့ရက်တစ်ရက်ပါပဲ” ဟု၎င်းက ဆိုသည်။

တရုတ်သံအမတ်ကြီး Qi က တရုတ် နှင့် ဟန်ဂေရီနိုင်ငံတို့သည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကို ကျောချင်းကပ် ဆောင်ရွက်နေပြီး ယနေ့ရောက်ရှိလာသော ကာကွယ်ဆေးများသည် ကာကွယ်ဆေးများကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကုန်စည်အဖြစ် လုပ်ဆောင်မည်ဆိုသည့် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း ဆိုသည်။
ဟန်ဂေရီနိုင်ငံသည် တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ဝယ်ယူရန် သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ကြောင်း ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းမှာ ပြည်သူ ၂.၅ သန်းကို ကာကွယ်ဆေး ရရှိစေမည်ဖြစ်သည်။

Sinopharm ကာကွယ်ဆေးနှင့်အတူ ဟန်ဂေရီနိုင်ငံအနေဖြင့် COVID-19 ကာကွယ်ဆေး ငါးမျိုးကို ပြည်တွင်း အသုံးပြုရန် ခွင့်ပေးထားသည်။ ဟန်ဂေရီနိုင်ငံသည် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံး ဝယ်ယူ ထိုးနှံသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း သိရသည်။
ဟန်ဂေရီနိုင်ငံတွင် ဖေဖော်ဝါရီ ၁၆ ရက်က ၂၄ နာရီအတွင်း COVID-19 ရောဂါ အတည်ပြုလူနာသစ် ၈၂၃ ဦးတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတည်ပြုလူနာပေါင်း ၃၈၉,၆၂၂ ဦးထိ ရှိလာကြောင်း အစိုးရ၏ ဝက်ဆိုက်တွင် ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း ဟန်ဂေရီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၈၅ ဦး ထပ်မံ သေဆုံးခဲ့ရာ သေဆုံးသူစုစုပေါင်း ၁၃,၈၃၇ ဦးရှိလာကြောင်း ၊ အတည်ပြုလူနာများအနက် ပြန်လည်သက်သာလာသူ ၂၉၈,၇၇၃ ဦးရှိကြောင်း သိရသည်။ လက်ရှိတွင် လူနာပေါင်း ၃,၉၇၉ ဦး ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူနေရပြီး ယင်းတို့အနက် ၃၁၈ ဦးမှာ အသက်ရှူစက်များ တပ်ဆင်ထားရကြောင်း ဝက်ဆိုက်တွင် ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

————————————————–
(English Version)

Hungary receives first shipment of Chinese COVID-19 vaccines

BUDAPEST, Feb. 16 (Xinhua) — The first batch of China’s Sinopharm COVID-19 vaccine purchased by Hungary arrived at Budapest on Tuesday.
The shipment was welcomed at the Liszt Ferenc International Airport by Tamas Menczer, state secretary from the Hungarian Ministry of Foreign Affairs and Trade, and Chinese Ambassador to Hungary Qi Dayu.

“We are the first country in the European Union (EU) that uses Sinopharm vaccine. We try to save lives and preserve the economy, and we are fighting together with our Chinese friends against COVID-19,” Menczer told Xinhua. “It is a very important day for Hungary.”

Qi said that China and Hungary are fighting the coronavirus side by side and the vaccines arriving today embody China’s commitments to making its vaccine a global public good.
Hungary announced on Jan. 29 that it had signed a deal to buy China’s Sinopharm COVID-19 vaccine, which will allow the vaccination of 2.5 million people.
With the Sinopharm vaccine, Hungarians will have access to five vaccines against COVID-19. Hungary has also become the first EU member state to buy and authorize the use of Chinese vaccines.

On Tuesday, Hungary registered 823 new COVID-19 cases in a 24-hour span, raising the national total to 389,622, according to the government’s website.
In the past 24 hours, 85 people have died from the virus, taking the death toll to 13,837 in the country, while 298,773 have recovered. Currently, 3,979 patients are being treated in hospitals, and 318 of them are on ventilators, it added. Enditem

Tamas Menczer (R), state secretary from the Hungarian Ministry of Foreign Affairs and Trade, and Chinese Ambassador to Hungary Qi Dayu welcome the first batch of China’s Sinopharm COVID-19 vaccine purchased by Hungary at the Liszt Ferenc International Airport in Budapest, Hungary, Feb. 16, 2021.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.