Connect with us

WORLD

ထိုင်းနိုင်ငံတွင် ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးကို လက်တွေ့စမ်းသပ်မှုများ စတင်မည်

ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ပြည်နယ်တွင် COVID-19 စစ်ဆေးမှုခံယူရန် ပြည်သူများစောင့်ဆိုင်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး mRNA ကာကွယ်ဆေးကို မကြာမီ လူသားတွင် လက်တွေ့စမ်းသပ်မှု ပထမအဆင့် ပြုလုပ်ရန် လျာထားကြောင်း တက္ကသိုလ်တာဝန်ရှိသူတစ်ဦးအဆိုအရ သိရသည်။

တက္ကသိုလ်၏ ကာကွယ်ဆေးဖော်ထုတ်မှု စီမံကိန်း တာဝန်ရှိသူ Kiat Ruxrungtham က mRNA ကာကွယ်ဆေး ChulaCov19 အား ကြွက်များနှင့် မျောက်များတွင် အစောပိုင်း စမ်းသပ်မှုရလဒ်များ ကျေနပ်လောက်ဖွယ် ရရှိထားပြီးနောက် ဧပြီလကုန်ပိုင်း သို့မဟုတ် မေလအစောပိုင်းတွင် လူသားများ၌ စမ်းသပ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

အကယ်၍ mRNA ကာကွယ်ဆေးအား လူသားများတွင် စမ်းသပ်မှု အောင်မြင်ပါက ထိုင်းကုမ္ပဏီ Bionet Asia အနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေး အလုံးရေ တစ်သန်းမှ ငါးသန်းအထိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Kiat က ဆိုသည်။

ချူလာလောင်ကွန်းတက္ကသိုလ်သည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို တိုက်ဖျက်ရန် ကာကွယ်ဆေး နောက်ဆုံးပေါ်ဗားရှင်းတစ်မျိုးကိုလည်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

—————————-
(English Version)
Thailand to start clinical trials on homemade COVID-19 vaccine

Source: Xinhua| 2021-02-19 15:06:59|Editor: huaxia

BANGKOK, Feb. 19 (Xinhua) — The mRNA vaccine against the coronavirus developed by Chulalongkorn University of Thailand, is scheduled to enter the first stage of human trials soon, according to a university official.

In Thursday’s press conference, Kiat Ruxrungtham, who is in charge of the University’s vaccine development project, confirmed the mRNA vaccine ChulaCov19 will be put on trial with humans in late April or early May, following satisfactory results of earlier trials with rats and macaques.
If the human trials with the mRNA vaccine are successful, Thai company Bionet Asia will manufacture a range of one to five million doses of the vaccine by the end of this year, Kiat said.
The university is still working on an updated version of the vaccine to fight against new coronavirus variants, he added. Enditem

People wait to receive COVID-19 tests in Samut Sakhon province, Thailand, on Dec. 22, 2020. COVID-19 cases continued to rise in Thailand on Tuesday, up by 427 from the previous day, with a majority of them being connected to a seafood market in Samut Sakhon province near the capital Bangkok. (Xinhua/Rachen Sageamsak)