VIDEO
ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ အများဆုံး နိုင်ငံ အဖြစ်သို့ အမေရိကန် နိုင်ငံ ရောက်ရှိ
ပေကျင်း ၊ မတ် ၂၇ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံသည် မတ်လ ၂၆ ရက်တွင် နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် ညနေ ၆ နာရီ အချိန်၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၈၂,၀၀၀ကျော် အထိ ရောက်ရှိလာပြီး ကမ္ဘာပေါ်တွင် ရောဂါ ကူးစက် ခံရသူ အများဆုံး ဖြစ်ပွား သည့် နိုင်ငံ အဖြစ် ရောက်ရှိခဲ့ကြောင်း John Hopkins တက္ကသိုလ်၏ အချက်အလက်များအရ သိရှိရသည်။
နယူးယောက်မြို့သည် အမေရိကန်နိုင်ငံ၏ COVID-19 ကူးစက်ရာ ဗဟိုချက်မြို့ဖြစ်လာပြီး ကပ်ရောဂါကို အဆိုးဝါးဆုံး ကြုံတွေ့ခံစားရသည့်မြို့ဖြစ်လာခဲ့သည်။ မတ်လ ၂၆ ရက် မွန်းလွဲပိုင်းတွင်နောက်ဆုံးရရှိထားသော စာရင်းများအရ နယူးယောက်တစ်မြို့ထဲတွင် ကူးစက်ခံရသူဦးရေမှာ ၂၁,၀၀၀ ဦးအထိရှိလာခဲ့ပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးပမ်းအားထုတ်မှုအဖြစ် ကျောင်းများကိုပိတ်ပစ်ခဲ့ပြီးနောက် ကုမ္ပဏီအချို့ကို ပိတ်ထားကာ ဒေသခံများကိုလည်း နေအိမ်၌ပင်နေထိုင်ကြရန် လမ်းညွှန်မှုများ ဆောင်ရွက် ခဲ့သည့် ပြည်နယ်များတွင် ကယ်လီဖိုးနီးယားပြီးလျှင် နယူးယောက်ဖြစ်လာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုမှာ များပြားလာသောကြောင့် အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ မြို့အသီးသီးသို့ အလားတူညွှန်ကြားချက်များကိုလည်း ညွှန်ကြားထားကြောင်းသိရသည်။ မတ် ၂၅ ရက်တွင် ပြည်သူများ နေအိမ်၌ပင် နေထိုင်ကြရန်ညွှန်ကြားချက်ထုတ်ပြန်ခဲ့ရသည့် ပြည်နယ်မှာ ၁၇ ခုရှိပြီး ၎င်းမှာ အမေရိကန်ပြည်ထောင်စု လူဦးရေ၏ ထက်ဝက်ကျော်ပမာဏအထိရှိခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအင်စတီကျု့၏ ခန့်မှန်းချက်များကို ယခုသတင်းပတ်အတွင်း ထုတ်ပြန်ရာတွင် အမေရိကန်ပြည်ထောင်စုသည် စီးပွားရေး ကျဆင်းနေပြီး စီးပွားရေးအခြေအနေမှာ ပထမ လေးလပတ်အတွင်း တိုးတက်မှု ဟာ အနှုတ်လက္ခဏာပြနေပြီး ဒုတိယ လေးလပတ်တွင် ကြီးမားသည့် စီးပွားရေးကျဆင်းမှုနှင့်ကြုံတွေ့နေရကြောင်းဖော်ပြပါရှိသည်။ တစ်နှစ်ပတ်လုံးတွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးမှာ ၂.၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဖြစ်ကြောင်းခန့်မှန်းထားကြသည်။ အမေရိကန် အထက်လွှတ်တော်က COVID-19 ကြောင့် စီးပွားရေး ကျဆင်းမှုများကို ခုသာခံသာရှိစေရန် ကာလရှည်ကြာ စောင့်စားခဲ့ရသည့် ထူထောင်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ ထရီလီယံ ကို မတ် ၂၅ ရက်ညတွင် အတည်ပြုပေးခဲ့သည်။ အသေးစားစီးပွားရေးလုပ်ငန်းများတွင် အရေးပေါ်ချေးငွေအဖြစ်လည်းကောင်း၊စီးပွားရေး အခွန်ကောက်ခံငွေဖြေလျှော့ရာ၌လည်းကောင်း၊အလုပ်လုပ်ကိုင်နေသော အမေရိကန်နိုင်ငံသားများအတွက် ဒေါ်လာ ၁၀၀၀ နှင့် အထက် တိုက်ရိုက်ထောက်ပံ့မှု ပေးရန်အတွက်လည်းကောင်း အသုံးပြုမည့်အပြင် ဆေးရုံများနှင့် ပြည်နယ်နှင့်ဒေသတွင်းအစိုးရများအတွက် လိုအပ်သည်များကိုအသုံးပြုသွားရန်ဖြစ်ကြောင်းသိရသည်။ (Xinhua)