Connect with us

VIDEO

မြန်မာတရုတ်အဖွဲ့အစည်းများက COVID-19 ရောဂါကာကွယ်ကုသရေးအတွက် နတ်မောက်မြို့ ပြည်သူ့ ဆေးရုံသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်း

ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

COVID-19 ရောဂါကာကွယ်ကုသရေး အတွက် မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း နှင့် Golden City Charity Foundation တို့မှ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ပြည်သူ့ဆေးရုံ(ခ)မြန်မာတရုတ်ချစ်ကြည်ရေး ဆေးရုံ(၀၀၂)သို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို မတ် ၃၁ ရက်တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ ပြည်သူ့ဆေးရုံ(ခ)မြန်မာတရုတ်ချစ်ကြည်ရေး ဆေးရုံ(၀၀၂)သို့ မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းက COVID-19 ရောဂါကာကွယ်ရေး အတွက် ငွေကျပ် ၁၃၀ သိန်း တန်ဖိုးရှိ Surgical Mask (၂၀,၀၀၀) ခု နှင့် Golden City Charity Foundation က COVID-19 ရောဂါ ကုသရေး အတွက် အသက်ရှူစက်(Oxygen Plant)တို့အား လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.