Connect with us

WORLD

ဆာဘီးယားနိုင်ငံ သမ္မတက တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူ

တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် ဆာဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic အား တွေ့ရစဉ် (ဆင်ဟွာ)

ဘဲလ်ဂရိတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ဆာဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic သည် ဧပြီ ၆ ရက်က နိုင်ငံ အရှေ့ပိုင်း Majdanpek မြို့တွင် COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။

“ကျွန်တော် နေလို့အရမ်းကောင်းပါတယ်။ ထွေထွေထူးထူး ဘာမှမဖြစ်ပါဘူး” ဟု ကာကွယ်ဆေးထိုးနှံပြီးနောက် သမ္မတက ပြောခဲ့သည်။တရုတ်နိုင်ငံသည် ဆာဘီးယားနိုင်ငံအား COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေး ကူညီရန် ကာကွယ်ဆေးများ ပံ့ပိုးပေးခဲ့ပြီး နောက်ဆုံးတင်ပို့မှုမှာ ဧပြီ ၅ ရက်က ဘယ်လ်ဂရိတ်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေးထိုးနှံမှုခံယူရန် ပြင်ဆင်နေသည့် ဆာဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic အား တွေ့ရစဉ် (ဆင်ဟွာ)

လေဆိပ်တွင် Sinopharm ကာကွယ်ဆေးလက်ခံရယူခဲ့သော ဆာဘီးယားနိုင်ငံ ဝန်ကြီးချုပ် Ana Brnabic က နိုင်ငံအတွင်းရှိ အရွယ်ရောက်ပြီးသူ ၄၀ ရာခိုင်နှုန်းခန့်မှာ ဧပြီလကုန်ထက်နောက်မကျဘဲ ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ဆာဘီးယားနိုင်ငံတွင် ဧပြီ ၅ ရက်အထိ စုစုပေါင်း COVID-19 အတည်ပြုလူနာ ၆၁၇,၆၆၉ ဦးနှင့် သေဆုံးသူ ၅,၄၅၈ ဦးရှိကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

Serbian president receives injection of Chinese COVID-19 vaccine

BELGRADE, April 6 (Xinhua) — Serbian President Aleksandar Vucic on Tuesday received an injection of China’s Sinopharm vaccine against COVID-19 in the country’s eastern municipality of Majdanpek.
“I feel great, like nothing happened,” he said after the inoculation.
China has provided vaccines to Serbia to help the Balkan country fight the COVID-19 epidemic, with the latest shipment arriving in Belgrade on Monday.
Prime Minister of Serbia Ana Brnabic, who received the Sinopharm vaccines at an airport, said the country aims to vaccinate roughly 40 percent of adults with the first dose done by the end of April.
Serbia has confirmed a total of 617,669 COVID-19 cases and 5,458 deaths as of Monday. Enditem
1-Serbian President Aleksandar Vucic receives an injection of China’s Sinopharm vaccine against COVID-19 in Majdanpek, Serbia, April 6, 2021. (Xinhua/Shi Zhongyu)
2- Serbian President Aleksandar Vucic prepares to receive an injection of China’s Sinopharm vaccine against COVID-19 in Majdanpek, Serbia, April 6, 2021. (Xinhua/Shi Zhongyu)
3-Serbian President Aleksandar Vucic talks to local residents after receiving an injection of China’s Sinopharm vaccine against COVID-19 in Majdanpek, Serbia, April 6, 2021. (Xinhua/Shi Zhongyu)