တက်ရှ်ခန့်၊ မတ် ၄ ရက် (ဆင်ဟွာ) ဥဇဘက်ကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးတစ်မျိုးအတွက် ထောက်ခံချက်ရရှိထားကြောင်း တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာက ဖေဖော်ဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။
ပါရီ၊ မတ် ၂ ရက်(ဆင်ဟွာ) ပြင်သစ်သမ္မတဟောင်း နီကိုလပ်စ်ဆာကိုဇီ(Nicolas Sarkozy)ကို မတ် ၁ ရက်တွင် ပါရီမြို့ တရားရုံးက အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှုတို့ကို အတည်ပြုခဲ့ပြီး ထောင်ဒဏ်(၃)နှစ် ချမှတ်ခဲ့ကြောင်း ပြင်သစ်မီဒီယာများ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ရီယိုဒီဂျနေရိုး ၊ မတ် ၃ ရက်(ဆင်ဟွာ) ဘရာဇီးဂန္တဝင်ဘောလုံးအကျော်အမော် ပီလီက COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး“ လုံးဝမမေ့နိုင်စရာ” ဖြစ်ကြောင်း နှင့် ကပ်ရောဂါအဆုံးသတ်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အက်ခ်ရာ၊ မတ် ၂ ရက် (ဆင်ဟွာ) ဂါနာနိုင်ငံ သမ္မတ Nana Addo Dankwa Akufo-Addo သည် မတ် ၁ ရက်က ဂါနာနိုင်ငံတွင် ပထမဆုံး COVID-19 ကာကွယ်ဆေးထိုးနှံသူဖြစ်လာခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊မတ် ၂ ရက်(ဆင်ဟွာ) ယခင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ဇနီး Melania Trump တို့နှစ်ဦးစလုံးသည် ဇန်နဝါရီလက သမ္မတအိမ်ဖြူတော်မှ မထွက်ခွာမီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သီးသန့်ထိုးနှံမှုခံယူခဲ့ကြောင်း ထရမ့်အကြံပေး တစ်ဦး၏ သတင်းအရင်းအမြစ်ကို ကိုးကား၍ အမေရိကန်မီဒီယာက မတ် ၁ ရက်တွင် ဖော်ပြခဲ့သည်။
ဘူဒါပတ် ၊ မတ် ၁ ရက်(ဆင်ဟွာ) ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban သည် တနင်္ဂနွေနေ့က တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။
ပါရီ ၊ မတ် ၁ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ၌ ပြီးခဲ့သော ၂၄ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်လူနာသစ် ၁၉,၉၅၂ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၂၂ ဦးရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးအေဂျင်စီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စာသင်ကျောင်းများ နှင့် ကောလိပ်များ အားလုံး မတ်လ ၃၀ ရက်တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဟု အစိုးရက ကြေညာခဲ့သည်။
နယူးဒေလီ၊ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) လာမည့် ရှေ့လတွင် COVID-19 ကာကွယ်ဆေး ထိုးနှံမှု ဒုတိယအဆင့် လုပ်ဆောင်နေစဉ်အတွင်း ပုဂ္ဂလိကဆေးရုံများ၌ ကိုဗစ်ကာကွယ်ဆေးကို ဆေးတစ်လုံး တန်ဖိုး ရူပီးငွေ ၂၅၀ ( အမေရိကန်ဒေါ်လာ ၃.၄၀ ) ဖြင့် ထိုးနှံခွင့် ပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်အစိုးရက...
မပ်ပုတူ၊ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) အာဖရိကတိုက် မိုဇမ်ဘစ်နိုင်ငံတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရန်အတွက် တရုတ်နိုင်ငံမှ လှူဒါန်းပေးအပ်သော ကိုဗစ်ကာကွယ်ဆေးများသည် မိုဇမ်ဘစ်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၇ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း နှင့် ယင်းမှာ နိုင်ငံအတွက် COVID-19 ကာကွယ်ဆေး ပထမအသုတ် လက်ခံရရှိခြင်းလည်းဖြစ်ကြောင်း သိရသည်။