Connect with us

WORLD

ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ်က တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုခံယူ

ဟန်ဂရီနိုင်ငံဝန်ကြီးချုပ် Viktor Orban က ဖေဖော်ဝါရီ ၂၈ ရက်တွင် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

ဘူဒါပတ် ၊ မတ် ၁ ရက်(ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban သည် တနင်္ဂနွေနေ့က တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။

ဟန်ဂေရီသမ္မတ Janos Ader က တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးအား ထိုးနှံမှုခံယူပြီး နှစ်ရက်အကြာမှာပင် ဝန်ကြီးချုပ် Orban က ဆေးထိုးနှံမှုခံယူခဲ့ခြင်းဖြစ်သည်။ဟန်ဂေရီနိုင်ငံဆေးမှူးချုပ် Cecilia Muller က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် ဟန်ဂေရီ အစိုးရအဖွဲ့ အဆင့်မြင့် အရာရှိကြီးများအနေဖြင့် ထိုသို့ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းမှာ ခန္ဓာကိုယ်ခုခံအားစနစ်ရရှိစေရန် အလွန်အရေးပါသလို ပြည်သူများအတွက် ဆေးထိုးနှံမှုခံယူရန်အတွက်လည်း နမူနာကောင်းဖြစ်ကြောင်း ဆိုသည်။

ဟန်ဂေရီနိုင်ငံသည် လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေး ၅ မျိုးကို ခွင့်ပြုထားပြီး ယင်းတို့မှာ တရုတ်နိုင်ငံထုတ် Sinopharm ၊ Pfizer ၊ Moderna ၊ AstraZeneca နှင့် ရုရှားနိုင်ငံထုတ် Sputnik V တို့ဖြစ်ကြကြောင်း ၊ ထို့ပြင် ဟန်ဂေရီနိုင်ငံသည် ဥရောပသမဂ္ဂ (အီးယူ)တွင် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကို ပထမဆုံး သုံးစွဲခွင့် ပေးခဲ့သည့် နိုင်ငံဖြစ်ကြောင်းနှင့် ဗုဒ္ဓဟူးနေ့က Sinopharm ကာကွယ်ဆေးကို စတင်ထိုးနှံမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟန်ဂေရီနိုင်ငံအစိုးရအနေဖြင့် တရုတ် နှင့် ရုရှား နိုင်ငံထုတ် ကာကွယ်ဆေးများကို တိုးမြှင့်ထိုးနှံပေးသွားရန် တွန်းအားပေးထားကြောင်း ၊ အကြောင်းမှာ ပြီးခဲ့သော နှစ် ဒီဇင်ဘာ လလယ်ပိုင်းမှ စတင်ကာ နိုင်ငံအတွင်း ကပ်ရောဂါတတိယလှိုင်း ရိုက်ခတ်မှုဖြစ်ပေါ်နေပြီး နေ့စဉ် ကူးစက်မှုနှုန်း နှင့် သေဆုံးမှုနှုန်း မြင့်တက်နေခြင်းကြောင့် ဖြစ်သည်။

ဟန်ဂေရီနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်က ၂၄ နာရီအတွင်း လူနာသစ် ၄,၄၆၉ ဦး နှင့် သေဆုံးသူ ၇၂ ဦးရှိခဲ့ရာ နိုင်ငံအတွင်း စုစုပေါင်း ကူးစက်ခံရသူ ၄၂၈,၅၉၉ ဦး နှင့် သေဆုံးသူ ၁၄,၉၇၄ ဦးထိ ရောက်ရှိလာခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

မနေ့က ဖေဖော်ဝါရီ ၂၈ ရက်အထိ ဟန်ဂေရီနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ ၆၇၇,၆၈၂ ဦးရှိပြီး ယင်းတို့အနက် ၂၄၉,၄၉၉ ဦးမှာ ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများဖြစ်ကြောင်း သိရသည်။
ဟန်ဂေရီနိုင်ငံတွင် အီစတာပွဲတော်ကာလတွင် နိုင်ငံ့လူဦးရေ အားလုံး ၂.၆ သန်းကို ကာကွယ်ဆေး အပြီး ထိုးနှံပေးနိုင်ရန် ရည်မှန်းထားပြီး လာမည့် မေလတွင် လူပေါင်း တစ်သန်းအထိ ဆေးထိုးပေးနိုင်ရန် ဝန်ကြီးချုပ် Orban က ရည်မှန်းထားသည်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် တရုတ်နိုင်ငံမှ ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိလာပြီးနောက် ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီး Peter Szijjarto က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားရာ၌ နောက်ထပ်ကာကွယ်ဆေး တစ်သုတ်သည် ဟန်ဂေရီနိုင်ငံသို့ မတ်လတွင် ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း ဆိုသည်။(Xinhua)
——————————————————-
(English Version)
Hungarian PM receives injection of China’s Sinopharm vaccine
BUDAPEST, March 1 (Xinhua) –Hungarian Prime Minister Viktor Orban received an injection of China’s Sinopharm vaccine against COVID-19 on Sunday.
Orban received the shot two days after Hungarian President Janos Ader, who also opted for the Chinese vaccine.
Hungarian Chief Medical Officer Cecilia Muller told a press conference Saturday that it is very important for high-ranking Hungarian officials to get immunized publicly, in order to set an example for the population.
With access to vaccines from five producers, namely China’s Sinopharm, Pfizer, Moderna, AstraZeneca and Russia’s Sputnik V, Hungary, the first European Union member state to buy and authorize the use of Chinese vaccines, started to administer the Sinopharm vaccine on Wednesday.
The Hungarian government is boosting its vaccination program with Russian and Chinese vaccines, as the third wave of the pandemic has brought daily infections and deaths in the country to the level of mid-December last year.
Hungary on Sunday registered 4,469 new cases and 72 more deaths in the past 24 hours, raising its national total to 428,599 and the death toll to 14,974, according to official data.
As of Sunday, 677,682 people have received at least one vaccine jab, while 249,499 have received two jabs, according to the website.
Hungary intends to inoculate all the 2.6 million people registered for the vaccine by Easter, and Orban aims to vaccinate a further million by May.
After the arrival of the first batch of Chinese vaccines on Feb. 16, Minister of Foreign Affairs and Trade Peter Szijjarto said Friday that another batch would arrive in Hungary in March. Enditern

This photo from Facebook page of Hungarian Prime Minister Viktor Orban shows him receiving a dose of China’s Sinopharm vaccine against COVID-19 in Budapest, Hungary, on Feb. 28, 2021.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.