Connect with us

WORLD

ဥဇဘက်ကစ္စတန်နိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရန် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကို ထောက်ခံချက်ရရှိ

ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရှ်ခန့်မြို့တွင် မော်တော်ယာဉ်များအတွင်း ခန္ဓာကိုယ်အပူချိန် တိုင်းတာပေးနေသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)

တက်ရှ်ခန့်၊ မတ် ၄ ရက် (ဆင်ဟွာ)

ဥဇဘက်ကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးတစ်မျိုးအတွက် ထောက်ခံချက်ရရှိထားကြောင်း တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာက ဖေဖော်ဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ Anhui Zhifei Longcom ဇီဝဆေးဝါးကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော ကာကွယ်ဆေးသည် ZF-UZ-VAC2001 အမည်ဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံတွင် ဈေးကွက်တင်ရောင်းချသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများ၌ တက်ကြွစွာပါဝင်ခဲ့ခြင်းနှင့် လက်တွေ့စမ်းသပ်မှုသုတေသန အတွက် ကူညီမှုများအရ ၎င်းဆေးကို အရေးပေါ်အသုံးပြုရန်နှင့် ဈေးကွက်တင်ရောင်းချခွင့်များအတွက် မှတ်ပုံတင်ထားကြောင်း သိရသည်။

ဥဇဘက်ကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက တရုတ်ကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအဆင့်-၃ ကို စတင်ခဲ့ခြင်းဖြစ်သည်။

ဥဇဘက်ကစ္စတန်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၇၉,၉၆၁ ဦးနှင့် သေဆုံးသူဦးရေ ၆၂၂ ဦးရှိကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
Uzbekistan certifies Chinese vaccine to fight against COVID-19
Source: Xinhua| 2021-03-02 17:06:31|Editor: huaxia
TASHKENT, March 2 (Xinhua) — Uzbekistan has certified a COVID-19 vaccine produced by a Chinese company, the Ministry of Innovative Development said on Monday.
The vaccine produced by China’s Anhui Zhifei Longcom Biopharmaceutical Co., Ltd, will be marketed in the Central Asian nation under the name of ZF-UZ-VAC2001, the ministry said.
Thanks to active participation of the country in trials of this vaccine, as well as their contribution to clinical research, Uzbekistan has registered it for emergency use and marketing authorization.
Uzbekistan has started the phase-3 trial of the coronavirus vaccine developed by the Chinese company since December last year.
So far, Uzbekistan has registered 79,961 confirmed COVID-19 cases and 622 related deaths. Enditem
Police check the temperature of people inside vehicles in Tashkent, Uzbekistan, April 10, 2020. Uzbekistan now has 582 confirmed cases of COVID-19, and has effectively locked down all major cities including its capital city Tashkent. (Photo by Zafar Khalilov/Xinhua)