Connect with us

WORLD

အိမ်ဖြူတော်မှ မထွက်ခွာမီ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံခဲ့ဟု မီဒီယာပြောပြ

ယခင်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် Air Force One လေယာဉ်ပေါ် တက်နေသည်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၇ရက်က တွေ့ရစဉ်(ဆင်ဟွာ/အေအက်ပီ)

ဝါရှင်တန်၊မတ် ၂ ရက်(ဆင်ဟွာ)

ယခင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ဇနီး Melania Trump တို့နှစ်ဦးစလုံးသည် ဇန်နဝါရီလက သမ္မတအိမ်ဖြူတော်မှ မထွက်ခွာမီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သီးသန့်ထိုးနှံမှုခံယူခဲ့ကြောင်း ထရမ့်အကြံပေး တစ်ဦး၏ သတင်းအရင်းအမြစ်ကို ကိုးကား၍ အမေရိကန်မီဒီယာက မတ် ၁ ရက်တွင် ဖော်ပြခဲ့သည်။

သို့သော် ထရမ့်အနေဖြင့် ဇန်နဝါရီလအတွင်း ဆေးထိုးနှံမှုခံယူစဉ် ပထမ နှင့် ဒုတိယ နှစ်ကြိမ်စလုံးစာ ထိုးနှံခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဒုတိယအကြိမ်ဆေးထိုးနှံမှုသည် အခြားအချိန်တစ်ခုဖြစ်နိုင်ဖွယ်နှင့်ပတ်သက်၍ အဆိုပါ အကြံပေးပုဂ္ဂိုလ်က ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိကြောင်း New York Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။
ဒေါ်နယ်ထရမ့် ၊ ဇနီး Melania နှင့် ၎င်းတို့၏ သား Barron တို့သည် ပြီးခဲ့သောနှစ်အတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ခံခဲ့ကြရသည်။

လက်ရှိအမေရိကန်သမ္မတဂျိုးဘိုင်ဒန် ၊ ဒုတိယသမ္မတ ကမ်မလာဟားရစ် နှင့် ယခင်ဒုတိယသမ္မတ မိုက်ပန့်တို့သည် ရုပ်မြင်သံကြားကင်မရာများ ရှေ့မှောက်တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကြကြောင်း သိရသည်။(Xinhua)

——————————————————-
(English Version)

Donald Trump received coronavirus vaccine before leaving White House: media

WASHINGTON, March 1 (Xinhua) — Both former U.S. President Donald Trump and his wife Melania Trump received coronavirus vaccine in private before leaving the White House in January, U.S. media reported on Monday, citing an adviser of Trump as the source.
The adviser did not say whether Trump received both his first and second shots of the vaccine in January, or if the second one was at another time, according to a New York Times report.
Trump, Melania and their son Barron were infected with the coronavirus in the fall last year.
U.S. President Joe Biden, Vice President Kamala Harris and former Vice President Mike Pence have received vaccine shots in front of television cameras. Enditem

Photo- U.S. President Donald Trump boards Air Force One at Andrews Air Force Base on Oct. 7, 2017 in Maryland. (Xinhua/AFP)