ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံအား COVID-19 ကပ်ရောဂါ စိန်ခေါ်မှု ကျော်လွှားရေးတွင် ထောက်ပံ့ရန်နှင့် ကူညီရန် အသင့်ရှိကြောင်း ဧပြီ ၂ ရက်က ပြောကြားခဲ့သည်။
ဘစ်ရှ်ကက်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ကာဂျစ္စတန်နိုင်ငံတွင် COVID-19 ရောဂါဖြင့် အသက် ၆၀ အရွယ်ရှိ လူနာတစ် ဦး သေဆုံးခဲ့ရာနိုင်ငံအတွင်းထိုရောဂါဖြင့် ပထမဆုံးသေဆုံးမှုဖြစ်ကြောင်း အာဏာပိုင်များက ဧပြီ ၃ ရက်တွင်ပြောကြားခဲ့သည်။
ဟန်ကျိုး၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေးတွင် အကူအညီပေးနေသည့် တရုတ်နိုင်ငံ၏ ဆေးပညာရှင်များ ပါဝင်သည့် ဒုတိယမြောက်အဖွဲ့သည် ၎င်းတို့၏လုပ်ငန်းစဉ်ပြီးဆုံးပြီးနောက် နေရပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဂျီနီဗာ ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ ဧပြီ ၂ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ လက်ရှိချိန်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ ၈၉၆,၄၅၀ ဦး ရှိခဲ့ပြီး...
ဘန်ကောက်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မကြာသေးမီက Thai Smile လေကြောင်းလိုင်းပေါ်တွင် လိုက်ပါလာသော ခရီးသည်များအနက် တစ်ဦးတွင် COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီးနောက် ၎င်းလေယာဉ်ဝန်ထမ်း ၇ ဦးကို အသွားအလာကန့်သတ်ပိတ်ပင်ခြင်း ပြုလုပ်လျက်ရှိကြောင်း အစိုးရအရာရှိတစ်ဦးက ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဧပြီ ၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါအခြေအနေကြောင့် သီးသန့်နေထိုင်ရန် သတ်မှတ်ချက်ကို မလိုက်နာသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းကိုလည်းကောင်း၊ သက်ဆိုင်ရာကုမ္ပဏီလုပ်ငန်းများ၏ တရားဝင်တာဝန်ရှိပုဂ္ဂိုလ်များကိုလည်းကောင်း အရေးယူ ဒဏ်ရိုက်မည့် အမိန့်ကြေညာချက်ကို ဧပြီ ၁ ရက်တွင် ရုရှား သမ္မတ ပူတင်က လက်မှတ်ထိုးအတည်ပြုခဲ့ကြောင်း သိရသည်။
ကီဂါလီ ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) COVID-19 ကြောင့်ပိတ်ဆို့ထားသည့်ကြားမှ စည်းကမ်းချိုးဖောက်ခဲ့သည့် ကုမ္ပဏီနှင့် စီးပွားရေးသမား ၁၄၆ ဦးကို အရေးယူ၍ ဒဏ်ရိုက်ခဲ့သည်ဟု ရဝမ်ဒါကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည် ။
ဝါရှင်တန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) သင်္ဘောပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား တားဆီးရန် အမေရိကန်လေယာဉ်တင်သင်္ဘော သီအိုဒိုရုဒ်စ်ဗဲ့ ( USS Theodore Roosevelt) ပေါ်ရှိ အရေအတွက် ထောင်ချီသော သင်္ဘောသားများကို အမေရိကန်ရေတပ်က ပြောင်းရွှေ့ပေးနေကြောင်း ယာယီရေတပ်ဝန်ကြီး Thomas Modly က ဧပြီ...
နယူးဒေလီ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၁,၈၃၄ ဦးအထိ ရောက်ရှိလာပြီးနောက် သေဆုံးသူ အရေအတွက် ၄၁ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ၌ လာမည့်ရက်များအတွင်း နေ့စဉ် COVID-19 စမ်းသပ်မှုများကို အရေအတွက် နှစ်ဆတိုးသွားမည် ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Press TV က ဧပြီ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည်။