Connect with us

WORLD

ဂျာမနီနိုင်ငံ၌ COVID-19  အတည်ပြုလူနာ ၈ သောင်း ၅ ထောင်ကျော်ရှိလာ 

ဂျာမနီနိုင်ငံ အရှေ့ပိုင်း လိုက်ပဆစ် (Leipzig)မြို့၏ မြင်ကွင်းများအား ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဧပြီ  ၅ ရက်(ဆင်ဟွာ) 

ဂျာမနီနိုင်ငံတွင် ဧပြီ ၄ ရက် ဒေသစံတော်ချိန် ၀၀:၀၀ နာရီအထိ နိုင်ငံအတွင်း COVID-19ရောဂါ အတည်ပြုလူနာ ၈၅,၇၇၈ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သောရက်တွင် ထပ်တိုးလူနာ ၆,၀၈၂ ဦးရှိခဲ့ကြောင်း နှင့် ယခုအချိန်ထိ COVID-19 ဖြင့် နိုင်ငံအတွင်း သေဆုံးသူ ၁,၁၅၈ ဦး ရှိခဲ့ကြောင်း ဂျာမနီနိုင်ငံ ကပ်ရောဂါ ထိန်းချုပ်ရေးဌာန Robert Koch Institute(RKI)၏ ယင်းနေ့တွင် ထုတ်ပြန်သော နောက်ဆုံးကိန်းဂဏန်းများအရ သိရသည်။ 

ဂျာမနီနိုင်ငံ အရှေ့ပိုင်း လိုက်ပဆစ် (Leipzig)မြို့၏ မြင်ကွင်းများအား ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အရှေ့ပိုင်း လိုက်ပဆစ် (Leipzig)မြို့၏ မြင်ကွင်းများအား ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အရှေ့ပိုင်း လိုက်ပဆစ် (Leipzig)မြို့၏ မြင်ကွင်းများအား ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အရှေ့ပိုင်း လိုက်ပဆစ် (Leipzig)မြို့၏ မြင်ကွင်းများအား ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အရှေ့ပိုင်း လိုက်ပဆစ် (Leipzig)မြို့၏ မြင်ကွင်းများအား ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အရှေ့ပိုင်း လိုက်ပဆစ် (Leipzig)မြို့၏ မြင်ကွင်းများအား ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် ဂျာမနီနိုင်ငံတွင် အတည်ပြုလူနာ ၇၂ ရာခိုင်နှုန်းသည် အသက် ၁၅နှစ်မှ ၅၉ နှစ် အတွင်း ဖြစ်ပြီး သေဆုံးသူ ဦးရေ၏ ၈၆ ရာခိုင်နှုန်းမှာ အသက် ၇၀ နှင့်အထက် သက်ကြီးရွယ်အိုများဖြစ်ကြောင်း၊ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၂,၄၂၄ ဦးရှိကြောင်း Robert Koch Institute(RKI)၏ ဧပြီ ၃ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များ  သိရသည်။ (Xinhua)