Connect with us

WORLD

တစ်ကမ္ဘာလုံးတွင် COVID-19 ကူးစက်ခံရသူ ၁.၁ သန်းထိရှိလာဟု ဂျွန်ဟော့ကင်းတက္ကသိုလ်ပြော

တရုတ်နိုင်ငံ အနောက် တောင်ပိုင်း Guiyang မြို့တွင် ဧပြီ ၄ ရက်က COVID-19 ရောဂါဖြင့် ကွယ်လွန်ခဲ့ရသူများအတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 အတည်ပြုလူနာပေါင်း ၁.၁ သန်းထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဧပြီ ၄ ရက်တွင် ထုတ်ပြန်သည့် ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်။

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁,၁၁၈,၉၂၁ ဦး ၊ သေဆုံးသူ ၅၈,၉၃၇ ဦး နှင့် ရောဂါပြန်လည်သက်သာကောင်းမွန်လာသူ ၂၂၆,၀၀၀ ဦး အသီးသီးရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံတွင် ကူးစက်မှု အများဆုံး ဖြစ်ပွားနေပြီး သုံးသိန်းကျော်ထိရှိကြောင်း ၊ ယင်းနောက်တွင် အီတလီနိုင်ငံက အတည်ပြုလူနာ ၁၂၀,၀၀၀ ဦး နှင့်သေဆုံးသူ ၁၄,၆၀၀ ဦးရှိကြောင်း ၊ သေဆုံးမှုပမာဏတွင် အီတလီနိုင်ငံသည် အခြားနိုင်ငံများထက် ပိုမိုများပြားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။စပိန်နိုင်ငံတွင် အတည်ပြုလူနာ ၁၂၀,၀၀၀ ခန့်ရှိပြီး သေဆုံးသူ ၁၁,၁၉၈  ဦးရှိကြောင်းလည်း သိရသည်။(Xinhua)