ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်း ၂၀၁၉ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၃,၀၀၀ကျော်ရှိပြီး သေဆုံးသူ ၁၂၃ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာရပ်အလိုက် စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ ဉီးရေ စုစုပေါင်း ၉၇၀,၂၁၅ ဦး ရှိကြောင်း ၊ ယင်းတို့အနက် အများဆုံးအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ဘာသာတွဲတွင်...
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) အမျိုးသားကျန်းမာရေးမူဝါဒသစ်တွင် ဖြစ်ပွားမှုများပြားသော မကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးကို ဦးစားပေးထည့်သွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးမူဝါဒပြန်လည်ရေးဆွဲရေးအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ အသက် (၂၅-၆၅)နှစ် အရွယ်အတွင်းဆီးချိုဖြစ်ပွားနေသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဝက်သက်-ဂျိုက်သိုးနှင့် ပိုလီယို ကာကွယ်ဆေးကို နိုဝင်ဘာလ ၂၆ ရက်မှ၂၈ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ မြို့နယ် (၂၃၄) မြို့နယ်တွင် အပိုဆောင်းထိုးနှံပေးမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏစျေးမှ အစားအသောက်၊ ဆေးဝါး၊ အလှကုန်များအား ရှောင်တခင်စစ်ဆေးခဲ့ပြီး ယင်းတို့ထဲမှ သံသယရှိဖွယ် အစားအသောက်များအား ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးထားကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ပဋိဇီဝဆေးဝါးများ (Antibiotic) ကို စနစ်တကျသုံးစွဲမှုမရှိခြင်းကြောင့် ရောဂါပိုးများသည် ပဋိဇီဝဆေးယဉ်ပါးကာ ဆေးမတိုးတော့သဖြင့် ရောဂါပျောက်ကင်းမှုမရှိခြင်း၊ အသက်သေဆုံးသည်အထိ ဖြစ်ပွားခြင်းတို့ဖြစ်ပွားနိုင်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပဋိဇီဝဆေးဝါးများကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ ညွှန်းဆိုချက်အတိုင်း လိုက်နာ၍ သုံးစွဲသောက်သုံးရမည့် ပမာဏ၊ အကြိမ်အရေအတွက်နှင့် ကာလအတိုင်းသာ စနစ်တကျ သုံးစွဲသောက်သုံးရမည်ဖြစ်ကြောင်း...
ရန်ကုန်၊အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အမျိုးသား ကျန်းမာရေး မူဝါဒကို ၁၉၉၃ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး ပြောင်းလဲ လာသော နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး နှင့် အခြားသော အခြေအနေ အရပ်ရပ်တို့နှင့် လိုက်လျောညီထွေဖြစ်ရန်အတွက် အမျိုးသား ကျန်းမာရေး မူဝါဒအသစ်ကို ၂၀၂၀ ပြည့်နှစ်တွင်...
ရန်ကုန် ၊အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၁၀လတာကာလအတွင်း သေဆုံးသူ ၁၁၆ဦးထိ ရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) လက်ပ်တိုစပိုင်ရိုးစစ်ရောဂါသည် လက်ပ်တိုစပိုင်ရာ (Leptospira Species) ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားစေပြီး တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါ (Zoonotic Disease) ဖြစ်ပါကြောင်း၊ ကပ်အသွင်ဖြစ်ပွားနိုင်သော ကူးစက်ရောဂါဖြစ်ပြီး အချိန်မီကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်သည့်အတွက် သတိပြုသင့်ကြောင်း ပြည့်သူ့ကျန်းမာရေးဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။