Connect with us

Education & Health

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) တွင် နိုင်ငံတကာအဆင့်မီ နို့ရည်ဘဏ်ပြန်လည် ဖွင့်လှစ်

ဗဟိုအမျိုးသမီးဆေးရုံကြီးရှိ တိုးချဲ့ဖွင့်လှစ်သည့် ၅ထပ်ဆောင်သစ်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ရက် (ဆင်ဟွာ)

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) တွင် မိခင်နို့ရည်ဘဏ်ကိုအဆင့်မြှင့်တင်ခြင်း၊ စံသတ်မှတ်ခြင်းများပြုလုပ်၍ နိုင်ငံတကာအဆင့်မီ နို့ရည်ဘဏ်အဖြစ်ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ၏  နိုင်ငံတကာအဆင့်မီ မိခင်နို့ရည် ဘဏ်ကရရှိသော ပိုးသန့်စင်ထားသည့် မိခင်၏ နို့ရည်ရရှိစေရန် စုဆောင်းထားရှိသည့် နို့ရည်ဘဏ်ကြီးအဖြစ် မွေးကင်းစကလေးကုသဆောင်ကိုပြုပြင်၍  ဖွင့်လှစ်သည့်  အခမ်းအနားကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

မိခင်၏ နို့ရည်သည်  မွေးကင်းစကလေးငယ်များ အတွက် မရှိမဖြစ် အလွန်လိုအပ်ကြောင်း၊  မိခင်၏ နို့ရည် ကို အကြောင်းအမျိုးမျိုးကြောင့်မရသည့် မွေးကင်းစ ကလေးငယ်များရှိကြောင်း၊  အထူးသဖြင့် ပေါင်မပြည့်၊ လမစေ့သည့် မွေးကင်းစ ကလေးငယ်များအတွက် မိခင်နို့ မှာ အလွန်အရေးကြီးကြောင်း၊  ထို့ကြောင့် နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်ကရရှိသည့်  ပိုးသန့်စင်ထားသည့် မိခင်နို့ကို ရရှိစေရန် အတွက် စုဆောင်း ထားရှိသည့်  နို့ရည်ဘဏ်ကြီးအား ပြုပြင်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ် ဆိုသည့်အတိုင်း မိခင်များဆီက ရရှိလာသည့် နို့ကို ပထမဦးဆုံးအဆင့်အနေဖြင့်ဗဟိုအမျိုးသမီး ဆေး၌လာမွေးသည့် မိခင်တွေထဲ မှ မိမိ တို့၏ ရင်သွေးငယ်များကို သဘာဝအတိုင်း တိုက်ကျွေးပြီး ပိုလျှံသောနို့ကို မိခင်များ၏ ဆန္ဒအလျောက်ရောဂါပိုးမရှိသည့် မိခင်များဆီက နို့ရည်ကို စုဆောင်းရရှိခြင်းဖြစ်ကြောင်းသိရသည်။

မိခင်နို့ရည်ဘဏ်သည်  ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ၁၉၉၄ ခုနှစ်ကစပြီး  ရှိခဲ့သော်လည်း နိုင်ငံတကာ အဆင့်မီ မိခင်နို့ရည်ဘဏ်ဖြစ်ရန်အတွက်  အခန်း အနေအထား၊ မိခင်၏ စနစ်တကျ နို့ရည်ညှစ်ခန်း၊ မိခင်၏ နို့ရည်စုဆောင်းခန်း၊ ရရှိလာသည့်  မိခင်၏ နို့ရည် များကို စနစ်တကျသိမ်းဆည်းထားသည့် အအေး ခန်း၊ နို့ရည်သန့်စင်ခန်း၊ သန့်စင်ပြီး  နို့ရည် ကို စုဆောင်းပြီး လိုအပ်သည့် ကလေးများ အားဖြန့်ဖြူးခန်း စသဖြင့် အခန်း အဆင့်ဆင့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်  လက်ရှိမိခင်နို့ရည်ဘဏ်က ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ တစ်ခုရှိပြီး ရန်ကင်းကလေးဆေးရုံကြီးတွင် လည်း ၂၀၁၅ ခုနှစ်မှာ စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း၊  ဆက်လက်ပြီး ရန်ကုန်ကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ မန္တလေးဗဟို အမျိုးသမီးဆေးရုံကြီး၊ ၅၅၀ ကလေးဆေးရုံ ကြီးနဲ့ တောင်ကြီး မိခင်နဲ့ကလေးဆေးရုံကြီး များရှိ မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်များတွင်ဆက်လက်ဖွင့်သွားရန် ရှိကြောင်း ဇန်နဝါရီ ၁၃ ရက် ထုတ် မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.