Environment, Disasters & Accidents
တပ်ကုန်းမြို့နယ် လွှဘုံ ကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာတို့ ဆက်သွယ်ထားသော မြေသားလမ်းပေါ်ရှိ မုန်ချောင်းတံတား ပေါ်သို့ ရေလျှံမှုဖြစ်ပွား
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့ ၁၀း၀၀နာရီ အချိန် မိုးရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီ တပ်ကုန်းမြို့နယ် လွှဘုံ ကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာတို့ ဆက်သွယ်ထားသော မြေသားလမ်းပေါ်ရှိ မုန်ချောင်းတံတား ပေါ်သို့ ရေလျှံမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ထိုရေလျှံမှုကြောင့် ကွန်ကရစ်တံတား ရေကာနှင့် ချဉ်းကပ်မြေသားလမ်း အလျား ၁၀ ပေခန့် ရေတိုက်စား ပျက်စီးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)