Connect with us

Environment, Disasters & Accidents

မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် မွေတော်ကက္ကူဘုရားများ ရှေးမူမပျက် ပြုပြင်မည်

မွေတော်ကက္ကူဘုရားအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ယခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရှိ မွေတော် ကက္ကူဘုရား ပရိဝုဏ် အတွင်းရှိ စေတီ ပုထိုးပေါင်း များစွာ ပျက်စီးခဲ့ရာ အဆိုပါ ပျက်စီးမှုများကို ရှေးမူလက်ရာ မပျက် ပြန်လည် ပြုပြင်ရန် ပညာရှင် များနှင့် ဆွေးနွေး ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ပျက်စီးသွားသော စေတီပုထိုးများ အနက် အကြီးစား ပြုပြင်ရမည့် စေတီများမှာ ၁ဝ၄ ဆူ၊ အလတ်စား ပြုပြင်ရမည့် စေတီများမှာ ၅၉၂ ဆူရှိပြီး အသေးစား ပြုပြင်ရမည့် စေတီမှာ ၃၄၂ ဆူရှိကြောင်း သိရသည်။ မေလအတွင်း က မွေတော်ကက္ကူ ဘုရား ပရိဝုဏ် အတွင်းရှိ ဆုတောင်း ပြည့် အာသောက ဘုရားကြီးကို ဦးစားပေး ပြင်ဆင်ခဲ့ရာ လက်ရှိတွင် ပြင်ဆင်မှု ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျက်စီးသွားသော စေတီပုထိုး များကို အနယ်နယ် အရပ်ရပ်မှ အလှူရှင်များ နှင့် ဘုရားဖူးများ လာရောက် လှူဒါန်းထားသော အလှူငွေ များနှင့် ပြန်လည်ပြုပြင် လျက်ရှိပြီး ပြန်လည် မွမ်းမံရန် မေလအတွင်း မှစတင်၍ အလှူငွေများ ကောက်ခံခဲ့ရာ သြဂုတ်လအထိ စုစုပေါင်း အလှူငွေ ငွေကျပ် သိန်းပေါင်း ၂ဝဝဝ ကျော် ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.