Connect with us

Environment, Disasters & Accidents

မိတ္ထီလာ နန်းတော်ကုန်းရပ်ကွက် တွင် မိုးရေလျှံတက် ဝင်ရောက် မှုဖြစ်ပေါ်

နန်းတော်ကုန်းရပ်ကွက် အတွင်း လူနေအိမ်တစ်ခုတွင် မိုးရေလျှံတက်ဝင်ရောက်မှုအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

မိတ္ထီလာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်ခြေ ၃၀၀ ခန့် မိုးရေလျှံတက် ဝင်ရောက်မှုဖြစ်ပေါ်လျက် ရှိပြီး ယင်းရေလျှံတက်ဝင်ရောက်သည့်အိမ်ခြေ ၃၀၀ ခန့်အနက် အိမ်ခြေ ၁၄အိမ် ခန့်သာလုံးဝနေထိုင်၍ မရသည့်အနေအထား တွင်သာရှိသေးသဖြင့် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားခြင်းမျိုးမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် မိုးရေလျှံတက် ဝင်ရောက်တာ မျိုးပဲဖြစ်ကြောင်း၊ မိုးရေလျှံ တက် ဝင်ရောက်သည့် အိမ်ခြေ ၃၀၀ အနက်လုံးဝနေထိုင် မရသည့် အိမ်ခြေ ၁၄ အိမ် ခန့်သာ ရှိကြောင်း သိရသည်။

နန်းတော်ကုန်းရပ်ကွက်အတွင်း မိုးရေလျှံတက်ဝင်ရောက်သည့် လူနေအိမ်များ အတွင်း မိုးရေများအားလျော့နည်း သွားစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစုပ်စက်ကြီး ၃ လုံးဖြင့် ရေဆိုးကန်အတွင်းသို့ စုပ်ထုတ်နေပြီးခန့် မှန်း ၇ ရက်ခန့်ကြာမြင့်နိုင်ကြောင်း သိရသည်။

နန်းတော်ကုန်းရပ်ကွက်အတွင်းရှိ အိမ်ခြေ ၃၀၀ ခန့် အပြင် ပေါက်ချောင်း ရပ်ကွက်အတွင်း အိမ်ခြေ ၁၄ အိမ်ခန့်လည်း မိုးရေများလျှံတက် ဝင်ရောက် မှုဖြစ်ပေါ်နေပြီး ပေါက်ချောင်းဈေးနှင့် မူလတန်းကြိုကျောင်းကြား လမ်းမပေါ်တွင် လည်း မိုးရေများလျှံတက်နေသည်မှာ သုံးရက် ခန့်ကြာမြင့်နေပြီဖြစ်သည်။

မိတ္ထီလာကန်တွင်လည်း ကန်ရေပြည့်သည့် အနေအထား တွင်ရှိကာ ကန်လယ် မိုးကောင်းအန ္တကူရေလယ်ဘုရားသို့ သွားရောက်ရာ တံတားကိုလည်း ယာယီ ပိတ်ထားသည်။ မိတ္ထီလာကန် ရေကျော် ၇ ပေါက် ရေတံခါးမှလည်း ကန်ရေကို အနည်းငယ်စီလျှော့ချလွှတ်ပေးထားပြီး မိတ္ထီလာ ကန်အောက်ရှိ ကျေးရွာများ တွင် ချောင်းရေမြောင်း ရေလျှံတက်ခြင်း၊ သီးနှံစိုက်ခင်းများအတွင်း ရေများလွှမ်းမိုး ဝင်ရောက် ခြင်း မရှိစေရေးအတွက် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.