Connect with us

Environment, Disasters & Accidents

ပြည်နယ်သုံးခုမှ မြေဧက နှစ်သိန်းကျော်ကို သဘာဝနယ်မြေတည်ဆောက်မည်

သဘာဝနယ်မြေအဖြစ်သတ်မှတ်ထားသော နေရာတစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ မြေ ၂၂၄၈၆၁ ဧကကို သဘာဝနယ်မြေများ အဖြစ် တည်ထောင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ဇလုံတောင် အမျိုးသား ဥယျာဉ်၌ ဧက ၅၃၇၆ဝ၊ ကယားပြည်နယ်ရှိ ပန်းသီးတောင် အမျိုးသား ဥယျာဉ်၌ ၅၇၇၇၅ ဧကနှင့် မွန်ပြည်နယ် အတွင်းရှိ ဆေးတောင်၌ ၁၁၃၃၂၆ ဧက စုစုပေါင်း ဧက၂၂၄၈၆၁ ကို သဘာဝနယ်မြေအဖြစ် တည်ထောင်နိုင်ရန် စီစဉ်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။လက်ရှိ မြန်မာနိုင်ငံ သဘာဝနယ်မြေများထဲမှ ခုနစ်ခုသည် အာဆီယံ အမွေအနှစ် စာရင်းဝင် ဥယျာဉ်များအဖြစ် အာဆီယံနိုင်ငံများအတွင်းမှာ အများဆုံး သတ်မှတ်ခြင်းခံရပြီး နိုင်ငံဧရိယာ၏ ၁ ဒသမ ၃၅ ရာခိုင်နှုန်းကို အဆိုပြု သဘာဝနယ်မြေ ၁ဝ ခုအဖြစ်တည်ထောင်နိုင်ရန် အဆိုပြုထားကာ အတည်ပြုဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။လက်ရှိ သိပ္ပံကြိုးဝိုင်း၊ အမျိုးသားဥယျာဉ်၊ အဏ္ဏဝါ အမျိုးသားဥယျာဉ်၊ သဘာဝကြိုးဝိုင်း၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ဘူမိရူပ ထူးခြားသည့် ကြိုးဝိုင်းနှင့် ဝန်ကြီးက သတ်မှတ်သော အခြားသဘာ၀ ကြိုးဝိုင်းဟူ၍ သဘာဝနယ်မြေ အမျိုးအစား ခုနစ်မျိုး ခွဲခြားထားသည်။မြန်မာနိုင်ငံ၏ သဘာ၀ နယ်မြေများနှင့် သဘာ၀ သယံဇာတများ စီမံအုပ်ချုပ် ထိန်းသိမ်းရေးအတွက် ဥပဒေများ ထုတ်ပြန်ခဲ့ပြီး အမျိုးသားဥယျာဉ်၊ အဏ္ဏဝါ အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော စသည့်သဘာ၀ နယ်မြေအမျိုးအစားကွဲများ တည်ထောင်ခဲ့ရာ လက်ရှိကာလအထိ သဘာ၀ နယ်မြေပေါင်း (၃၈) ခု၊ ဧရိယာ ဧကအားဖြင့် ၉၃၈၀၇၃၂ ဒသမ ၂၈ ဧက၊ စတုရန်းမိုင်ပေါင်း (၁၄၆၅၇ ဒသမ ၄၂)ကို တည်ထောင်ထားပြီး ဖြစ်ကြောင်းနှင့် နိုင်ငံဧရိယာ၏ ၅ ဒသမ ၆၁ ရာခိုင်နှုန်းကို ထိန်းသိမ်းထားသည်။

အဆိုပါ သဘာ၀ ထိန်းသိမ်းရေး နယ်မြေများမှာ ကချင်ပြည်နယ်ရှိ ပိတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ကချင်ပြည်နယ် နောင်မွန်မြို့နယ်ရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ ပူတာအိုရှိ ဖုန်ကန်ရာဇီ တိရစ္ဆာန် ဘေးမဲ့တော၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ တနိုင်းမြို့ရှိ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရ စ္ဆာန် ဘေးမဲ့တော၊ ဆွမ်ပရာဘွမ်ရှိ ဘွမ်ဖာဘွမ် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ကရင်ပြည်နယ်အတွင်း ဖာပွန်မြို့နယ် ကဟီးလူ တောရိုင်းတိရ စ္ဆာန် ဘေးမဲ့တောနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ မူလာရစ် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ချင်းပြည်နယ် ကန်ပက်လက်၊ မတူပီနှင့် မင်းတပ်မြို့နယ်ရှိ နတ်မတောင် အမျိုးသားဥယျာဉ်၊ ပလက်ဝမြို့ရှိ ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်ရှိ ချပ်သင်းတောရိုင်းတိရ စ္ဆာန် ဘေးမဲ့တော၊ ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်ရှိ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ စစ်ကိုင်းမြို့ရှိ မင်းဝံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်ရှိ အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်၊ နန်းယွန်းမြို့နယ်နှင့် ခန္တီးမြို့နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်း (တိုးချဲ့) တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ထို့အပြင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင်လည်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများ ထိန်းသိမ်းထားကြောင်း သိရသည်။မြန်မာ့သစ်တော မူဝါဒအရ ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်၊ ဇီဝမျိုးစုံမျိုးကွဲ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှု၌ သဘာဝနယ်မြေ တည်ထောင်ခြင်းတွင် မြန်မာ့ သစ်တောမူဝါဒ ၁၉၉၅ အရ နိုင်ငံဧရိယာ၏ ၅ ရာခိုင်နှုန်းကို သဘာဝနယ်မြေများအဖြစ် တည်ထောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.