Connect with us

Environment, Disasters & Accidents

မိုးရာသီကာလအတွင်း ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များနှင့် ငလျင်ဘေးအန္တရာယ် အတွက်ကြိုတင် ကာကွယ်ရေးများ ဆွေးနွေး

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (၁/၂၀၁၈) အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-သမ္မတရုံး)

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

ယနှစ် မိုးရာသီကာလအတွင်း ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ် များနှင့် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ် အတွက်ကြိုတင် ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီးဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အနေဖြင့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး အမြဲတမ်း နိုးကြား ဆောင်ရွက်နေရမည်ဖြစ်ကြောင်း ၊ ရာသီကာလအလိုက်ဖြစ်နိုင်သည့်ဘေးများ၊ နေရာဒေသအလိုက် ဖြစ်နိုင်သည့် ဘေးများအပေါ် ထိရောက်သော စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရန် လိုအပ်ပြီးကြိုတင် ပြင်ဆင်မှုများကိုလည်း အချိန်နှောင့်နှေး ကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (၁/၂၀၁၈) အစည်းအဝေးကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် မတ်လ အထိ ကာလအတွင်း မိုးကြိုးပစ်မှုဖြစ်စဉ် ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ရာ သေဆုံးသူ လူဦးရေ ၁၁၁ ဦး ဒဏ်ရာရရှိသူ ၃၉ ဦး ရှိခဲ့ကြောင်း သိရသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ စနစ်ကျသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ရေးတို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ် အကြောင်းကို လေ့လာကြည့်ပါက မြန်မာနိုင်ငံအနေဖြင့်အရှေ့တောင်အာရှဒေသတွင် အကြီးမားဆုံး ငလျင်ကြောဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေကြောင်း ဒုတိယ သမ္မတက ဆိုသည်။

စစ်ကိုင်းပြတ်ရွေ့သည်ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနားစသည့် အဓိကမြို့ကြီးများကို ဖြတ်သန်းတည်ရှိနေကြောင်း၊ မြန်မာပြည်အရှေ့ဘက်၊ အရှေ့ မြောက်ဘက် ရှမ်းကုန်းပြင်မြင့်ဒေသ၊ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံများ နှင့်ဆက်စပ်နေသည့် ပြတ်ရွေ့ကြောများတည် ရှိနေကြောင်းကို လေ့လာသိရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.