ရန်ကုန် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရခိုင် ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်း အုပ်စုအတွင်းရှိ မီးတောင်မှ ချော်ရည်ပူ မှုတ်ထုတ်မှုများ ဖြစ်ပွားကာ မီးတောင်အနီးရှိ လယ်မြေ အချို့ချော်ရည်ပူ ဖုံးလွှမ်းပျက်စီးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) စက်တင်ဘာလ ၁၄ ရက်နေ့အထိ သတ်မှတ်ကန်ရေပြည့်အမှတ်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိသည့် ဆည်/တမံ (၃၇) ခုရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးအနား၌ရှိသည့် ရေရရှိရာ မြစ်ချောင်းများမှရေကို သန့်စင်ပြီး သုံးစွဲရန် အသင့်ရှိသည့်ရေအဖြစ် ဖြန့်ဖြူးရန် လေ့လာမှုများ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး ကပြောသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း တနင်္သာရီမြစ်ရေ နစ်မြုပ်ခဲ့သော အများသုံး ရေတွင်း (၁၇၂၁)တွင်းမှ ရေဆိုးရေညစ်များ စုပ်ထုတ်ပြီး ကလိုရင်းဆေးခတ်ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း၊ မဒေါက်မြို့ အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးကိုက်မှုကြောင့် ၁၅ ဦး(ကျား ၁၀၊ မ ၅)ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ) ၂၀၁၈ ခုနှစ် အတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့် နိုင်ငံနှင့်အဝှမ်းတွင် ယနေ့ထိ သီးနှံမျိုးစုံဧက (၆) သိန်းကျော် ပျက်စီး ဆုံးရှုံးခဲ့ရပြီး မိုးစပါးသီးနှံ ဧက (၄) သိန်း နီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိရကြောင်း တောင်သူလယ်သမား အခွင့်အရေး...
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)အလယ်ဘလောက်ရှိ City Star ဟိုတယ်တွင် ယနေ့မွန်းလွဲ ၃နာရီ မိနစ် ၂၀ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်အား ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေး ကွန်ဗင်းရှင်းက သြဂုတ် ၁ဝ ရက်တွင် မြန်မာနိုင်ငံ၏ ငါးခုမြောက် နိုင်ငံတကာအရေးပါသည့် ရေဝပ်ဒေသ သို့မဟုတ် ရမ်ဆာ ထိန်းသိမ်းရေး နယ်မြေ (Wetland of International Importance-...