Connect with us

Environment, Disasters & Accidents

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးသို့တက်ရောက်

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးသို့တက်ရောက်စဉ် (ဓာတ်ပုံ--MOFA)

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးနှင့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့် အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၇၃ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ၂၈-၉-၂၀၁၈ ရက်၊ ၁၆း၃၀ နာရီအချိန်တွင် ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေး (Informal ASEAN Foreign Ministers’ Meeting – IAMM) သို့ တက်ရောက်ခဲ့ပြီး၊ အစည်းအဝေးတွင် အာဆီယံမျှော်မှန်းချက် (၂၀၂၅) အကောင်အထည်ဖော်မှု အခြေအနေများ၊ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စရပ်များနှင့် လာမည့် နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ကြိုဆင်ပြင်ဆင်ထားရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၁၈း၀၀ နာရီအချိန်တွင် ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပပြုလုပ်သည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့် အစည်းအဝေး ( ASEAN Foreign Ministers’ Meeting with the UN Secretary-General and the President of the 73rd United Nations General Assembly- AUMM) သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guterres၊ (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ Ms. Maria Fernanda Espinosa Garces နှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး၊ အာဆီယံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ကိစ္စရပ်များကို ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.