Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင် Express ၂ စီးတိုက်မိ၊ ခရီးသည် ၁၄ ဦး သေဆုံး

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် မော်တော်ယာဉ် ၂စီးအားတွေ့ရစဉ် (ဓာတ်ပုံ--အမြန်လမ်းရဲတပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၂၉ အနီးတွင် အောက်တိုဘာ ၁ ရက် ည ၁၁ နာရီခန့်က ခရီးသည်တင် Express ၂ စီးတိုက်မိ၍ ခရီးသည် ၁၄ ဦး သေဆုံးပြီး ၄၂ ဦး အတွင်းလူနာအဖြစ် နေပြည်တော် ကုတင် ၁၀ဝဝ ဆေးရုံကြီးတွင် တင်ထားရကြောင်း ပန်းခြံအမြန်လမ်းစခန်းမှူးက ဆင်ဟွာကို ပြောသည်။

မ ၇ ယောက်၊ ကျား ၇ ယောက် စုစုပေါင်း ၁၄ ယောက်သေဆုံးခဲ့ကြောင်း နှင့် ကျား၁၈ယောက် မ ၂၄ ယောက် စုစုပေါင်း ၄၂ ယောက်ဒဏ်ရာရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပန်းခြံအမြန်လမ်းစခန်းမှူးက “ယာဉ်မောင်းကို ပုဒ်မ ၃ ခု နဲ့ အမှုဖွင့်ထားတယ်။ လူသေမှု ၃၀၄ (က)၊ အပြင်းအထန် ဒဏ်ရာရရှိတဲ့အတွက် ပုဒ်မ ၃၃၈၊ သာမာန်ဒဏ်ရာရရှိမှုအတွက် ပုဒ်မ၃၃၇ တို့ နဲ့ အမှုဖွင့်ထားပါတယ်။ဒီယာဉ်မတော်တဆ မှုက ဒီနှစ်ထဲမှာတော့ အကြီးဆုံးယာဉ်တိုက်မှုလို့ပြောလို့ရပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကူညီဆောင်ရွက်ပေးမှုအားတွေ့ရစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက်နေ့ ည ၁၁ နာရီက လေအိတ်ပေါက်၍ ရပ်နားနေသော ကျေးဇူးရှင် ဘုရားဖူးယာဉ်ကို အရိဒ္ဒမာ ခရီးသည်တင် Express က ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုမှာ ပြင်းထန်၍ ကားနှစ်စီးလုံး ပျက်စီးသွားကာ ခရီးသည် ၁၄ ဦးသေဆုံး၍ ၄၂ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်ထားသည့် ယာဉ်ကို ဝင်တိုက်သည့် အရိဒ္ဒမာယာဉ်မှ အမျိုးသမီး ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၄ ဦး ရှိကြောင်း၊ ကျန်သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများမှာ အတိုက်ခံရသည့် ကျေးဇူးရှင် ဘုရားဖူးယာဉ်မှ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၂၉/၂) နှင့် (၂၂၉ /၃) အကြားတွင် မန္တလေးမှရန်ကုန်သို့ မောင်းနှင်လာသော Express ခရီးသည်တင်ယာဉ်သည် လေအိတ်ပေါက်၍ လမ်းဘေးတွင်ရပ်ထားသော Express ဘုရားဖူးယာဉ်၏ အနောက်ဘက်ခြမ်းသို့ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း၊အောတိုဘာလ ၂ရက် နံနက် (၀၀း၁၂)နာရီအချိန်သတင်းရရှိသဖြင့် အုပ်ချုပ်မှုယာဉ်(၂)စီး၊ တိုင်းမီးသတ်ဦးစီးမှူးအပါအဝင်(၄)ဦး၊ ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.