Connect with us

Environment, Disasters & Accidents

အနောက်တောင်မုတ်သုံလေသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၆ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှဆုတ်ခွာသွားဖွယ်ရာရှိ

မိုးလေဝသ ခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အနောက်တောင်မုတ်သုံလေသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၆ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှဆုတ်ခွာသွားဖွယ်ရာရှိကြောင်း၊ အောက်တိုဘာလတွင် ဘင်္ဂလားပင်လယ်အော် ၌ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊တစ်ကြိမ်တွင် မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ လပတ် မိုးလေဝသခန့်မှန်းချက်အား မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။

မိုးအခြေအနေနှင့် မိုးရွာရက်

မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည် နယ်၊ ကယားပြည်နယ်၊ကရင်ပြည်နယ် နှင့်မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်မိုးထစ် ချုန်းရွာနိုင်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးတွင်အောက်တိုဘာလ (၁၆)ရက်မှ (၂၀)ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် (၁၁)ရက်မှ (၁၅)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေ သကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်ကယားပြည်နယ် တို့တွင် (၆)ရက်မှ (၁၀)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.