Connect with us

Environment, Disasters & Accidents

စက်မှုလုပ်ငန်းများနှင့် မြို့ပြတိုးချဲ့မှုများ ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများမရှိအောင် အလေးထားဖြေရှင်း ဆောင်ရွက်ရန် အလွန်အရေးကြီးဟု ဒုတိယသမ္မတ ဆို

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-သမ္မတရုံး)

ရန်ကုန်၊စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

စက်မှုလုပ်ငန်းများနှင့် မြို့ပြတိုးချဲ့မှုများ ကြောင့် မြေ၊ ရေ၊ လေ စသည့် ပတ်ဝန်းကျင် အရည်အသွေးကျဆင်းမှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများမရှိအောင် အလေးထားဖြေရှင်း ဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗ ဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေး၌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီနာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ များပြားလာမှုနှင့်အတူ သဘာဝ သယံဇာတအရင်းအနှီးကိုအခြေခံသည့် စီးပွား ရေးလုပ်ငန်းများကြောင့် သဘာဝဂေဟစနစ် နှင့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများ မဖြစ် စေရန်၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ခံစားနေရသည့် ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများသည်လည်း နိုင်ငံ့စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကစိန်ခေါ်မှုကြီးတစ်ခုဖြစ်သည့် အတွက် ယင်းကို ကြိုတင်ကာကွယ်နိုင်ရန် မိမိတို့ အစဉ်တစိုက် အလေးထားဆောင်ရွက် ရမည့် လုပ်ငန်းစဉ်ကြီးတစ်ခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အစည်းအဝေးတွင် ဒုတိယသမ္မတက နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ ချိန်ညှိပြီး မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သည့် ”ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကဏ္ဍအသီးသီး တွင် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်” အလေး ထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရေးဆွဲထား သည့် ”မြန်မာနိုင်ငံရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂ဝ၁၈- ၂ဝ၃ဝ)” (Myanmar Sustainable Development Plan) ၏ မဟာဗျူဟာရည်မှန်း ချက် ငါးရပ်တွင် အမျိုးသားချမ်းသာကြွယ်ဝမှု အတွက် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေး မဟာဗျူဟာ တစ်ရပ်အနေနှင့် ထည့်သွင်းရေးဆွဲထားသည့် အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် နိုင်ငံတော်၏ အရေးပေးဆောင်ရွက်ရမည့် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစကြောင်း ဒုတိယ သမ္မတက ပြောသည်။ ယင်းဦးတည်ချက်အပေါ်တွင်အခြေခံပြီး လက်ရှိနိုင်ငံတော်အစိုးရသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီး ပေါင်းစပ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်လျက် ရှိပါကြောင်း ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.