Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ကွန်ပရက်ဆာဂက်စ်အိုးပေါက်ကွဲ၍ အမျိုးသား ၂ ဦး သေဆုံး

ပြည်ထဲရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ကွန်ပရက်ဆာဂက်စ်အိုးပေါက်ကွဲ၍ အမျိုးသား ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နံနက်၁၀း၀၀နာရီ အချိန် မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီး ဘေး ညောင်ပင်ကားမှတ်တိုင် အနီး၌ ဖွင့်လှစ်ထားရှိသည့် “သျှား” ကားအဲယားကွန်းပြုပြင်ရေးဆိုင်၌ ဖြိုးလင်းနိုင်(၁၉)နှစ်သည် 3J/xxxx Scanier Express ယာဉ်၏အဲယားကွန်းအား ဆက်သွယ်ထား သည့် ကွန်ပရက်ဆာပိုက်ပေါက်နေသဖြင့် ဝရိန်ဆော်ပြုပြင်နေစဉ် ကွန်ပရက်ဆာအိုးအတွင်းရှိ ဂက်စ် များမှာ အပူရှိန်ကြောင့် ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ထိုပေါက်ကွဲမှုကြောင့် ဖြိုးလင်းနိုင်တွင် ကျောကုန်းဖူးရောင်၊ မျက်နှာ၊ ယာလက်၊ ဝဲခြေ ထောက် မီးပူလောင်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိပြီး အနီးတွင် ကူညီလုပ်ကိုင်ပေးသည့် ပြည့်ဖြိုးအောင် (၁၉)နှစ်နှင့် အောင်ရဲနိုင်(၂၈)နှစ်တို့တွင် ဒူး၊ ခြေထောက်၊ မျက်နှာ၊ လက်မောင်း၊ လက်ဖျံများ မီးလောင် ဒဏ်ရာ(စိုးရိမ်ရ)ရရှိ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူစဉ် ပြည့်ဖြိုးအောင်နှင့် ဖြိုးလင်းနိုင်တို့ ၂ ဦးမှာ သေဆုံးသွားခဲ့သည်။

စက်တင်ဘာလ ၃၀ ရက်နေ့ ၀၁း၂၀ နာရီအချိန် ဖြိုးလင်းနိုင်(သေဆုံး)အား မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၉၇၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၈၆(ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်နာကျင် စေမှု၊ ပေါက်ကွဲစေသောအရာဖြင့် စပ်လျဉ်း၍ ပေါ့လျော့မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.