ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပဲလေ့ဟိုတယ်သည် ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တပ်မတော်လေမှ ပျောက်ဆုံးနေသောလေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အားပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်း ကျေးရွာ အုပ်စု၊ အေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး အလျား ၂၀၀ ပေ၊ အနံ ၁၅၀ ပေခန့်ထပ်မံပြိုကျခဲ့မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ယနေ့ ၁၃း၁၂ နာရီခန့် အချိန်တွင် သန်လျင်မြို့နယ် သန်လျင်ဆေးရုံကြီး တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (သန်လျင်) မှ ဆင်ဟွာသို့ ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၁၂)နာရီအတွင်း ပိုမိုအားကောင်းကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဖားကန့်မြို့၌ အမြင့်(၁၅၀)ပေခန့်ရှိ မြေစာပြိုကျသဖြင့် ရေမဆေးကျောက်ရှာဖွေသူ(၂)ဦး ဒဏ်ရာရရှိခဲ့ကာ (၁)ဦး ပျောက်ဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) မတ္တရာမြို့နယ်အတွင်း ဆည်တော်ကြီး ရေလှောင်တမံ အား အောက်တိုဘာလ၊ ၁၅ ရက်နေ့၊ နံနက် ၁၀း၃၀ နာရီ အချိန် ရေထုတ်လွှတ်ခဲ့သည့် အတွက်ကြောင့် တံငါကျေးရွာအနီး မန္တလေး-မိုးကုတ် ကားလမ်း မိုင်တိုင်(၂၅/ဝ-၂)ကြား လမ်းအလျား(၅၀)ပေ ခန့်အားရေအမြင့် (၂)ပေခန့် ဖြတ်ကျော်...
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၃၆)နာရီအတွင်း ပိုမိုအားကောင်းကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာ အုပ်စု ကွမ်းသီးမြောင်းကျေးရွာ၌ အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီခန့်တွင် တောဆင်ရိုင်းအုပ်စုက ကြံစိုက်ဧက ၄ဝ ကျော်နှင့် နေအိမ် တစ်လုံး ဖျက်ဆီးသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) သဘာဝဘေးကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှုများလျော့ပါး သက်သာရန် ရေတို ရေရှည် နည်းလမ်းများ ဖြင့် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ယနေ့ ပြောကြားခဲ့သည်။