Connect with us

Environment, Disasters & Accidents

ဆောင်းရာသီနှင့် နွေရာသီကာလများတွင် ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေ မိုးဇလထုတ်ပြန်

မိုးလေဝသ ခန့်မှန်းချက်ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်းမှာ ၆၉% အထိ ရှိနေပြီး၊ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ- မတ်လ- ဧပြီလတွင် ၅၀%၊ ၂၀၁၈ခုနှစ်၊ မတ်လ- ဧပြီလ- မေလတွင် ၃၀% သို့ ပြန်လည်လျော့ကျလာနိုင်ပြီး၊ ပုံမှန်ဖြစ်မြဲအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည့် ရာခိုင်နှုန်းမှာ ၇၀% အထိ ဖြစ်လာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလ အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီ ကာလ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန် အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ မှာလည်း လျော့ကျလာနိုင်ကြောင်း သိရသည်။လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား မိုးဇလအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ဆက်လက် ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117