Connect with us

Environment, Disasters & Accidents

တာချီလိတ်မြို့ ၏ အနောက်ဘက် (၁၀)မိုင်ခန့်အကွာ တွင် အင်အား ၃.၇ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ ၏ အနောက်ဘက် (၁၀)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၀.၄၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၇၃ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။

၎င်းငလျင်သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၃၈)မိနစ်၊ (၃၁)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)