Connect with us

Environment, Disasters & Accidents

သစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်းတွင် သစ်တော စိုက်ခင်းပေါင်း ဧရိယာ ဧက ၃၅၀,ဝဝဝ ကျော်ကို တည်ထောင်သွားမည်

သစ်တော တစ်ခုအား တွေ့ ရစဉ်(ဓာတ်ပုံ- Forest Department )

ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

နိုင်ငံ တစ်ဝန်း သစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်းအား ၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ စီမံကိန်းတွင် သစ်တော စိုက်ခင်းပေါင်း ဧရိယာ ဧက ၃၅၀,ဝဝဝ ကျော်ကို တည်ထောင်သွားမည်ဖြစ်ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။

ထိုစီမံကိန်းတွင် စိုက်ခင်း မူဝါဒ ရေးဆွဲခြင်း ၊ သဘာဝတော တန်ဖိုးမြှင့် ထိန်းသိမ်းခြင်း ၊ အစိုးရပိုင်နှင့် ပုဂ္ဂလိက သစ်တော စိုက်ခင်းများ တည်ထောင်ခြင်း၊ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်း ၊ သီးနှံ သစ်တော ရောနှော စိုက်ခင်းများ တည်ထောင်ခြင်း ၊ လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေခြင်း ၊ သစ်စေ့ နှင့် ပျိုးပင် ဌာနများ တည်ထောင်ခြင်း ၊ ၅+ နှစ် ပြည့်ပြီး စိုက်ခင်းဟောင်းများ ပြန်လည်ပြုစုခြင်း ၊ သစ်စေ့ထုတ် ဧရိယာ နှင့် မျိုးသန့်ဥယျာဉ် တည်ထောင်ခြင်း ၊ ကြိုးဝိုင်း နှင့် ကြိုးပြင် ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းခြင်း ရေရှိရေး ဆောင်ရွက်ခြင်း ၊ အထူး စိမ်းလန်း စိုပြည်ရေး စိုက်ပျိုးခြင်း ၊ ထင်းအစား အခြားလောင်စာ တိုးမြှင့် အသုံးချခြင်း၊ သင်တန်း ပို့ချခြင်း ၊ အသုံးချ သုတေသနများ ဆောင်ရွက်ခြင်း နှင့် တိုးချဲ့ပညာပေးခြင်း လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

စီမံကိန်းအား ၂၀၁၇ ခုနှစ်မှ စတင်၍ နိုင်ငံ တစ်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျွန်းနှင့်သစ်မာ ထုတ်လုပ်ခြင်းကို လုံးဝရပ်နားခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စ၍ သတ်မှတ် နှစ်စဉ် တောထွက် ပမာဏအောက် သိသိသာသာ လျှော့ချ ထုတ်လုပ် သွားရန် နှင့် မြန်မာ့ ကျွန်းသစ် မူရင်းဒေသ ဖြစ်သော ပဲခူးရိုးမ ဒေသတစ်ခုလုံးကို သစ်တော စီမံ အုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်း တစ်ကြိမ်စာ (၁၀) နှစ် အထိ ကျွန်း နှင့် သစ်မာ ထုတ်လုပ်ခြင်း မပြုဘဲ အနားပေးခြင်း ၊ ပြုစု ထိန်းသိမ်း ကာကွယ်ခြင်းများ ဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သစ်တော စိုက်ခင်းများကို နောင်အနာဂတ်တွင် အရည်အသွေး မြှင့်သည့် သစ်များ ထွက်ရှိရန် မှန်ကန်သော အချိန်ကိုက် သစ်တောပြုစု စိုက်ပျိုးနည်း နှင့် တည်ထောင် ပြုစုရန် ၊ စိုက်ခင်းမြေ မှန်ကန်စွာ ရွေးချယ်ရန်၊ ရွေးချယ်ပြီး မြေနေရာကို ကောင်းစွာ ပြုပြင်ရန် ၊ မီးအန္တရာယ်၊ ပိုးမွှား အန္တရာယ် နှင့် လူတို့၏ အဖျက်ရန် တို့မှ ကာကွယ်ရန် ၊ စောင့်ကြည့် အကဲဖြတ်ရန် တို့ဖြစ်ပြီး အဓိက အရေးကြီးသည့် အချက်မှာ မျိုးကောင်းမျိုးသန့်ပင်များ နှင့် စိုက်ပျိုးရန် လိုအပ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.