Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်မီးလောင်မှုကြောင့် တစ်ဦးသေဆုံး

စားသောက်ဆိုင်မီးလောင်မှုအား မီးငြိမ်းသတ်မှုပြုလုပ်စဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက် မြို့မဘောလုံးကွင်းအနီးရှိ ဂစ်တာ စားသောက်ဆိုင်တွင် ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ် အချိန်က မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်း စားသောက်ဆိုင် မီးလောင်မှုကို မီးသတ်ဦးစီးဌာနက မီးငြိမ်းသတ်ရာ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ဆိုင်ပိုင်ရှင် ဒေါ်ခင်သန်းနွယ်၏ အသက်(၂၆)နှစ်အရွယ် သမီးဖြစ်သူမှာအမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး မီးစတင် လောင်ကျွမ်းသည့် အကြောင်းရင်းနှင့် မီးလောင် ပျက်စီး ဆုံးရှုံးမှု တန်ဘိုးတို့အား အသေးစိတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.