ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံတွင် သုံးနှစ်ဆက်တိုက်မိုးရွာသွန်းမှုများ ၍ နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ၊ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၂၂ ရက်နေ့ အထိ ရေကြီးရေလျှံမှုများကြောင့် စုစုပေါင်း အိမ်ထောင်စု ၆၃၅၅၂ စု၊ လူဦးရေ ၂၆၀,၇၇၂...
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တောင်မြောက်လမ်းဆုံအနီး ဆီသယ်ယာဉ်နှင့် ကွန်တိန်နာတို့ ယာဉ်တိုက်မှုဖြစ်ပြီး ဆီသယ်ယာဉ်မီးလောင်ကျွမ်းခဲ့ရာ အနီးရှိနေအိမ်များပါ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် နစ်နာသူများအား ဆီသယ်ယာဉ် ကုမ္ပဏီဘက်မှ ကူညီပေးရန် အစီအစဉ်ရှိကြောင်း National Energy Puma Aviation Services (NEPAS)ကုမ္ပဏီထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် လူဦးရေ ၃၀၀၀ကျော် ရေဘေးသင့်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၉)ကျောင်းခန့် ယာယီပိ.တ်ထားနေ ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ယနေ့ညနေမှ နောက်(၇၂) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထူးခြားမိုးလေဝသ...
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေ ဒုတိယအကြိမ် ကြီးမြင့်လာမှုကြောင့် သြဂုတ်လ (၁၆) ရက်မှ စတင်ရပ်နားထားသည့် မုံရွာမြို့တွင် အခြေပြုပြီး ချင်းတွင်းအ ထက်ပိုင်း ဒေသများသို့ ပြေးဆွဲလျက်ရှိသော လူစီးအမြန်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ် ခရီးစဉ်များကို သြဂုတ်လ(၂၅)ရက်နေ့တွင် ပြန်လည်ပြေး ဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် (၂)ပေခန့်နှင့် ညောင်ဦးမြို့တို့တွင် (၃)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၃)လက်မခန့်စီ ဆက်လက်မြင့်တက်လာနိုင်ကာ ယင်းမြို့ များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန...
ရန်ကုန် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဆီဘောက်ဆာ ယာဉ် တစ်စီးသည် ယနေ့ သြဂုတ် ၂၂ ရက် ည ၉ နာရီ ၄၅ မိနစ် အချိန်တွင် တိမ်းမှောက်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု များအတွင်းသို့ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် တံတားဦးမြို့နယ်တွင် ရပ်ကွက် ကျေးရွာအုပ်စုများသို့ သြဂုတ် ၁၉ ရက်မှ ယနေ့အထိ အိမ်ခြေ ၁၆၄၈ အိမ်၊ အိမ်ထောင်စု ၁၆၈၅ စု၊...
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၂၉ကြိမ်မြောက် အရှေ့တောင်အာရှအားကစားတွင် သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ Squash အားကစားအဖွဲ့လိုက်ပါလာသော ယာဉ်မတော်ဆမှုကြောင့် Squash အားကစားပြိုင်ပွဲစဉ်များကို ယာယီရွှေ့ဆိုင်း ထားကြောင်း မလေးရှားနိုင်ငံဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီ(MASOC)က ထုတ်ပြန်ချက်အရ သိရသည်။