Connect with us

Environment, Disasters & Accidents

ပျက်ကျ Y-8 လေယာဉ်အစိတ်အပိုင်းများ ထပ်မံတွေ့ရှိ

Y-8 လေယာဉ်အစိတ်အပိုင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိသေးသည့် လေယာဉ်အစိတ်အပိုင်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများ ပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိရာ ပျက်ကျ Y-8 လေယာဉ်အစိတ်အပိုင်းများ ထပ်မံတွေ့ရှိကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ထိုသို့ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိစဉ် ယနေ့တွင် ဆိုနာစနစ်ဖြင့် ရှာဖွေရရှိသည့် ပုံရိပ်များအပေါ်မူတည်၍ လေယာဉ်အမြီးပိုင်းရှာဖွေ တွေ့ရှိခဲ့သည့် နေရာအနီးတစ်ဝိုက်၌ ဒေသခံငါးဖမ်းစက်လှေ ၁ စီးက ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲ ရှာဖွေရာ လေယာဉ်ဘီးတစ်ခု အပါအဝင် လေယာဉ်အစိတ်အပိုင်းများအား ထပ်မံရှာဖွေ ဆယ်ယူရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.