Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွား ၊ ၃ ဦး သေဆုံး

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar Fire Services Department)

ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၆၁/ဝ)နှင့်(၂၆၁/၁) အကြားတွင် Super Custom ယာဉ် တစ်စီးသည် ယနေ့သြဂုတ် ၂၇ ရက် နေ့လည် ၁ နာရီခွဲ အချိန်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ ၇ ဦး အနက် ၃ ဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုယာဉ်သည် နောက်ဘီးပေါက်ပြီး လမ်းညာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါကျား ၇ ဦးအနက် ၃ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိ(၁ ဦးစိုးရိမ်ရ)တို့အား ပျော်ဘွယ်မြို့နယ်၊ တောင်ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(Xinhua)