Connect with us

Environment, Disasters & Accidents

မန္တလေးမြို့ရှိ 78 Shopping Mall ဖြိုဖျက်စဉ် စလပ်ပြင်ပြိုကျမှုကြောင့် တစ်ဦးသေဆုံး


ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈×၃၈ လမ်းထောင့်၊ အကွက် (၆၅၂) ရှိ 78 Shopping Mall အဆောက်အဦးအဟောင်းအား ဖြိုဖျက်စဉ် စလပ်ပြင်ပြိုကျမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။

78 Shopping Mall ပြိုကျမှုကြောင့် ပိမိနေသူအား ကယ်ဆယ်နေစဉ်(ဓာတ်ပုံ-မီးသတ်ဦးစီးဌာန)

အဆိုပါ သေဆုံးသွားသောအမျိုးသားသည် ယနေ့ သြဂုတ်လ ၃၀ရက်နေ့ နံနက် ၁၁နာရီ ၂၇ မိနစ်တွင် အမြင့် ပေ ၃၀မှနေ၍ ၁၀×၂၀ ပေရှိသော slabအားဖြိုချစဉ် slabနှင့်အတူပြုတ်ကျမှုဖြစ်ပွားခဲ့ပြီး ရှာဖွေရေးများလာရောက်ရှာဖွေ ကယ်ဆယ်ကာ မန္တလေးပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.