Connect with us

Environment, Disasters & Accidents

မြစ်ကြီးခြောက်စင်းမြစ်ရေများမြင့်တက်လျက်ရှိ

စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသာမြို့ နှင့် စိုးရိမ်ရေမှတ်သို့ရောက်ရန် နီးစပ်သောမြို့များ၏စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်၊ ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်၊ တိုးမြစ် တို့ မြစ်ရေများမြင့်တက်နေသည့်အတွက် မြစ်ကြောင်းတလျောက်ရှိ စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၂၁၅၀ စင်တီမီတာ၊ ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၂၁၂၀ စင်တီမီတာ၊ ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၁၂၀၀ စင်တီမီတာ၊ ဟသာၤတမြို့ တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၁၃၄၂ စင်တီမီတာ၊ ဇလွန်မြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၁၁၆၀ စင်တီမီတာ သို့ ရောက်ရှိနေကြောင်း သိရသည်။

ဒုဋ္ဌဝတီမြစ်သည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၈၇၀ စင်တီမီတာ သို့ရောက်ရှိနေကြောင်း၊ စစ်တောင်းမြစ်သည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၁၀၇၀ စင်တီမီတာ၊ သံလွင်မြစ်သည် ဘားအံမြို့တွင် ၇၅၀ စင်တီမီတာ သို့ရောက်ရှိနေကြောင်း သိရသည်။

ငဝန်မြစ်သည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၁၁၃၀ စင်တီမီတာ၊ သာပေါင်းမြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၆၂၀ စင်တီမီတာ သို့ရောက်ရှိလျက်ရှိပြီး၊ တိုးမြစ်သည် မအူပင်မြို့ တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၇၂၀ စင်တီမီတာသို့ရောက်ရှိနေကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.