ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသောဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်း အနီးသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန်(၁၀း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်နေပါ သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ...
ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော် အမြန်ရေယာဉ် တစ်စင်းလုံး ပေါ်အောင် အောက်တိုဘာ ၂၀ ရက်တွင် ဆောင်ရွက်နိုင်ခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၇၃ လောင်း ဆယ်ယူ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန် ၊အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မိကျောင်းတွင်းရွာအနီး နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော် အမြန် ရေယာဉ်မှ ယနေ့ အောက်တိုဘာ ၂၀ ရက် နေ့လည်ပိုင်း အချိန်ထိ သေဆုံးသူခရီးသည်များ၏ ရုပ်အလောင်းဆယ်ယူရရှိမှုမှာ ၇၂ ဦးထိ ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တို့တွင် ဆက်လက်တည်ရှိနေကြောင်း မိုးဇလမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ် ၌ ဒီရေတော ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် ထိန်းသိမ်းရေး အဖွဲ့သုံးဖွဲ့ကို ရွေးချယ်ခဲ့ပြီး ယခုနှစ်အတွင်း ထိန်းသိမ်းရေး လုပ်ငန်းများ စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း အနာဂတ် ဒီရေတောများ အဖွဲ့ (MFF)...
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့အနီး အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုတွင် ၁၅.၁၀.၂၀၁၆ရက်နေ့မှ ၁၇.၁၀.၂၀၁၆ ရက်နေ့၊ နံနက်၁၁း၀၀ အချိန်အထိ ခရီးသည် ၁၅၅ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၂၈ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးအားဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၆၂/၃-၄)အကြားတွင် ယနေ့နံနက်ပိုင်း အချိန်တွင် ခရီးသည် တင်ယာဉ် ၂ စင်း တိုက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်နောက်လိုက် ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူမှာ သံဃာ ၁ ပါး...