Connect with us

Environment, Disasters & Accidents

ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားရာ တစ်ဦး သေဆုံး

ကာင်း ပြောခဲ့ပါတယ်။ဒါ့အပြင် အာဖဂန်နစ္စတန်နိုင်ငံ အာဏာပိုင်အဖွဲ့ တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်ပြီး လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ နဲ့ နိုင်ငံတကာဥပဒေတွေအတိုင်း တာဝန်ရှိသူတွေက

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)

ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် တစ်စီးသည် ယနေ့မတ် ၂ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၈ဦးအနက် ၁ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ရှောက်ခြံကျေးရွာ၊ မိုင်တိုင်အမှတ် ၂၅/၁ တွင် နံနက် ၆ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသော အောင်ပြည့်စုံ ခရီးသည်တင်ယာဉ် မီးလောင်နေကြောင်း သတင်းအရ အမ်းမြို့နယ်မီးသတ်စခန်းမှ ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ၈ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အင်ဂျင်ခန်းအတွင်း သွယ်တန်းထားသော ဝါယာကြိုး Loose ဖြစ်၍ အပူလွန်ကဲပြီး မီးကူးစက် လောင်ကျွမ်းခြင်း ဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၈ဦးအနက် ၁ဦး သေဆုံးပြီး ၃ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.