Connect with us

Environment, Disasters & Accidents

မြန်မာ-အိန္ဒိယနယ်စပ်အနီး အင်အား အသင့်အတင့်ရှိ မြေငလျင် လှုပ်

မြေငလျင် လှုပ်ခတ်သွားသည့် တည်နေရာအား ပြသထားမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန)

ရန်ကုန် ၊ မတ် ၄ ရက်(ဆင်ဟွာ)

မြန်မာ-အိန္ဒိယနယ်စပ်အနီး ဟုမ္မလင်းမြို့၏ အနောက်မြောက်ဘက်(၂၈)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိသော မြေငလျင်သည် ယနေ့မတ် ၄ ရက် နံနက်ပိုင်းတွင် လှုပ်ခတ် သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ သိရသည်။

“အင်အား ရစ်(ခ်)တာ စကေး ၅.၂ အဆင့် ရှိပါတယ်။လှုပ်တဲ့ နေရာက တောင်တွေ ထူထပ်တဲ့ နေရာ ဆိုတော့ ကြီးကြီးမားမားတော့ ပျက်စီးနိုင်စရာ မရှိပါဘူး။အပျက်အစီး နည်းနိုင်ပါတယ်။ထိခိုက် ပျက်စီးမှုကတော့ မသိရသေးပါဘူး။”ဟု မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန ၊ မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၂၄၀ ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြု၍ မြန်မာစံတော်ချိန် ၈ နာရီ ၊ ၄၁ မိနစ် ၊ ၅၃ စက္ကန့် အချိန်တွင် မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117