Connect with us

Environment, Disasters & Accidents

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် အတွင်း နေအိမ် ၁၄ လုံး မီးလောင်ကာ အိမ်ထောင်စု ၁၈ စု မီးဘေးသင့်

မီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်၊ အကွက်အမှတ် ညည/ ၄၂ ၊ ၅၅ လမ်းနှင့် ၅၄ လမ်းကြား ရန်ပြေလမ်းနှင့် ရန်နိုင် လမ်းကြားတွင် ယနေ့ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာတွင် နေအိမ် ၁၄ လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု ၁၈ စု မီးဘေးသင့်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မီးလောင်မှုမှာ ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး လောင်ကျွမ်းခဲ့ပြီး ပျဉ်ခင်းသွပ်မိုး (၂)လုံး၊ (၂)ထပ် ထရံကာသွပ်မိုး (၉)လုံး၊ မြေစိုက်ထရံကာ သွပ်မိုး(၃) လုံး စုစုပေါင်း နေအိမ် (၁၄)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁၈)စု၊ ကျား (၄၂)ဦး၊ မ (၅၇)ဦး၊ စုစုပေါင်း (၉၉)ဦး မီးဘေးသင့်ခဲ့ကာ ထိခိုက် ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

ထိုမီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ် (၃၀)စီး၊ အုပ်ချုပ်မှုယာဉ် (၃)စီး၊ သန္ဓေမီးသတ် (၇၀)ဦး၊ အရံမီးသတ် (၁၂၀)ဦး၊ ရဲတပ်ဖွဲ့ဝင် (၃၉)ဦးနှင့် ရပ်ကွက်နေ ပြည်သူများ ဝိုင်းဝန်း ငြှိမ်းသတ်ရာ ၁၂ နာရီ ၅၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။မီးလောင်မှုကြောင့် မီးစတင် လောင်ကျွမ်းသော နေအိမ် မှ ဒေါ်ခင်ရင် အား ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ (ပ) ၁၃၁/ ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ- ၂၈၅ အရ အရေးယူ ဆောင်ရွက်လျက် ရှိပြီး မီးဘေးသင့် အိမ်ထောင်စု များအား ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်း ရပ်ကွက် ရှိ ဝေပုလ္လဒီပါ အေးမြဓမ္မာရုံတွင် ယာယီ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထား ရှိကြောင်း သိရသည်။ (Xinhua)