ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ငလျင် စုစုပေါင်း ၂၃ ကြိမ်လှုပ်ရှားခဲ့ကြောင်းနှင့် နိုဝင်ဘာလထက် လှုပ်ရှားမှု ၈ ကြိမ် ပိုခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ဇန်နဝါရီ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တော စိုက်မြေဧက (၁,၈၀၀)ဖော်ဆောင်၍ သစ်ပင်ပေါင်း (၁၂)သိန်း စိုက်ပျိုးသွားမည်ဖြစ်ပြီး၊ အခြားအပူပိုင်းဇုန် ဒေသများတွင်လည်း အပင်များ စိုက်ပျိုးသွားရန်ရှိကြောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောကဏ္ဍ၊...
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ချို့၌ ဒီဇင်ဘာ ၂၆ ရက်နောက်ပိုင်းတွင် မြူထူများဆိုင်းနိုင်သောကြောင့် ရေကြောင်း၊ လေကြောင်း ခရီးစဉ်များ အထူးဂရုပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် စစ်ကိုင်းသက်ရှင်ပြတ်ရွေ့ရှိသော်လည်း နေပြည်တော်၊ပျဉ်းမနားနှင့် သာစည်မြို့တို့တွင် ငလျင်မလှုပ်ဘဲငြိမ်သက်လျက်ရှိသောနေရာများရှိနေခြင်းကြောင့် ယင်းနေရာများတွင် ငလျင်ငြိမ်သက်ခြင်းနှင့် ပတ်သက်၍ သုတေသနလုပ်ဆောင် လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ယနေ့ဒီဇင်ဘာ ၂၄ ရက်တွင်ပြောကြားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှားပါးမျိုးစိတ်ဖြစ်သည့် အောင်လောင်ငှက် အပါအဝင် မျိုးဆက်ပျက်သုန်းမည့်အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်မှသာ အလားအလာကောင်းနိုင်မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လှိုင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ “သားငှက်တိရစ္ဆာန်တွေကို ဟင်းလျာ အနေနဲ့...
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၂၁ ရက်) နံနက် ၆နာရီကျော်က သဲများတင်ဆောင်လာသည့် ၆ ဘီးယာဉ် တစ်စီးသည် လူနေအိမ်တစ်လုံးအား ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ခြင်းကြောင့် လူ (၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ဦးစီးမှူးက...
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ယခုကာလသည် မြစ်ရေနည်းချိန်ဖြစ်သောကြောင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနအနေဖြင့် ချင်းတွင်းမြစ်အတွင်းပြေးဆွဲလျက်ရှိသော သင်္ဘောခရီးစဉ်များအား လက်ရှိကာလတွင်ရပ်နားထားကြောင်း၊ ဧရာဝတီမြစ်အတွင်းခရီးစဉ် အနေဖြင့် ကုန်ပစ္စည်းများအတွက် မန္တလေး-ဗန်းမော်ခရီးစဉ်အားပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ ရေကြောင်းဌာနမှူးချုပ် ဦးမြင့်သန်းထွန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၈ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသ ဖွံံ့ဖြိုးရေးလုပ်ငန်းပေါင်း ၅၄၇ ခု ဆောင်ရွက်သွားရန်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုက ဆင်ဟွာသို့ ယနေ့ဒီဇင်ဘာ ၁၆ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လာနီညာဖြစ်စဉ်ကြောင့် ဒီဇင်ဘာလထဲ အအေးပိုခြင်း၊လေပွေလှိုင်း တိုက်ခတ်ခြင်းနှင့်အချိန်အခါမဟုတ် မိုးရွာခြင်းဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ / အိမွန်ကျော် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းပြိုကျမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်မှူး က ဆင်ဟွာသို့ ယနေ့ပြောသည်။