Connect with us

Environment, Disasters & Accidents

တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး စက်ချို့ယွင်း ပျက်ကျမှုဖြစ်ပွား ၊ လေယာဉ်မှူးသေဆုံးဟု ဆို

တပ်မတော် (လေ) (၇၂) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား၌ ခင်းကျင်းပြသထားသော တိုက်လေယာဉ်များအားတွေ့ရစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် ယနေ့မနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် လေ့ကျင့်ပျံသန်းစဉ် စစ်ကိုင်းတိုင်း၊ အုန်းတောကျေးရွာ အရှေ့ဘက်ရှိ ရေမျက်ကြီးအင်းအတွင်း ပျက်ကျသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။အဆိုပါ ပျက်ကျသည့် လေယာဉ်သည် လေယာဉ်မှူးတစ်ဦးတည်း လိုက်ပါမောင်းနှင်ရသည့် လေယာဉ်အမျိုးအစားဖြစ်ကြောင်း ၎င်းက ဆိုသည်။ယင်းပျက်ကျသွားသော လေယာဉ်မှ လေယာဉ်မှူးအား အသက်သေဆုံးလျက် ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။

တံတားဦး လေတပ်စခန်းမှ ပုံမှန်လေ့ကျင့်ပျံသန်းလျက်ရှိသည့် တိုက်လေယာဉ် တစ်စင်းသည် ယနေ့နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် အဆက်အသွယ်ပြတ်တောက်သွားသဖြင့် အခြား လေယာဉ်တစ်စင်းဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်စဉ် အဆိုပါတိုက်လေယာဉ်မှာ စက်ချို့ယွင်းပျက်ကျသွားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.