Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျပြီး လူအများအပြားပျောက်ဆုံးနေ၊ လတ်တလော အလောင်း ၁၂လောင်း ရှာတွေ့ထားဟုဆို

မနမှော်အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က ပြိုကျခဲ့သော မြေစာပုံ၌ ကယ်ဆယ်ရေးဆောင်ရွက်မှုအား တွေ့ရစဉ်(ဓာတ်ပုံ- ဖားကန့်ဒေသခံ)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မက်လင်ချောင်ကျေးရွာအနီးရှိ YTT ကျောက်စိိမ်းလုပ်ကွက်ဟောင်း မြေစာပုံသည် ဖေဖော်ဝါရီ ၂၈ ညပိုင်းက ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေသူအများအပြား ပျောက်ဆုံးနေကြောင်း ဖားကန့်ရဲစခန်းမှ အရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။“ညကပြိုကျတာ ၊ ရေမဆေးရှာသူ ၄၀ဝန်းကျင် ပါသွားတယ်၊ ခုမနက်တော့ အလောင်း ၁၂လောင်းရှာတွေ့တယ်လို့ သတင်းပို့လာတယ်၊ ကယ်ဆယ်ရေးလုပ်နေပါတယ်” ဟု ၎င်းကဆိုသည်။

မနမှော်အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က ပြိုကျခဲ့သော မြေစာပုံ၌ ကယ်ဆယ်ရေးဆောင်ရွက်မှုအား တွေ့ရစဉ်(ဓာတ်ပုံ- ဖားကန့်ဒေသခံ)

အဆိုပါ မြေစာပုံကမ်းပါးပြိုကျမှုကြောင့် လုပ်ကွက်အတွင်း ကျောက်ရှာအလုပ်သမားများ၊ ကြီးကြပ်လုပ်သားများနှင့် စက်ပြင်လုပ်သားများ ပျောက်ဆုံးနေပြီး ဘက်ဟိုးကား (၃)စီးနှေင့် မြေသယ်ကား(၁)စီးလည်း ပျောက်ဆုံးလျက်ရှိကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၂ရက် မနက်အစောပိုင်းက ဖားကန့်မြို့ ခင်းကျေးရွာအုပ်စု မှော်စီစာ ကျေးရွာအပိုင် သာယာကုန်းကျေးရွာအနီးရှိ ရေမဆေးကျောက်ရှာဖွေရေးလုပ်ကိုင်နေသော မြေစာပုံပြိုကျမှု ဖြစ်ပွါးရာတွင် လူ(၈၀)ကျော် ပျောက်ဆုံးခဲ့ကြောင်းသိရသည်။ (Xinhua)